အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

နောက်ထပ် ဗျိုင်းဖြူရွာသား ၁၀၀ နီးပါးခန့်ကို စစ်ကောင်စီက ၁၇(၁)ဖြင့် ထောင်ဒဏ် ၃နှစ်စီချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 689

ဆလိုင်းမိုးအောင်၊ နိရဉ္စရာ၊ စက်တင်ဘာ ၇/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ ဖမ်းဆီး ထားသည့် နောက်ထပ်ရွာသား ၁၀၀ နီးပါးခန့်ကို စစ်ကောင်စီက တရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက  စက်တင်ဘာလ ၆ရက်၊ မွန်းလွဲ ၂နာရီအချိန်ခန့်က စစ်တွေမြို့ရှိ မြို့နယ်တရားရုံးတွင် ရုံးထုတ်ပြီး ထောင်ဒဏ်၃နှစ်စီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"မနေ့က ရုံးထုတ်ပြီး အပြီးသတ်အမိန့်ချတာ။ လူပေါင်း ၁၀၀ နီးပါးကို တယောက်စီ ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်တယ်။ အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့ပုဒ်မနဲ့ ထောင်ဒဏ်ချမှတ်တာပါ" ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၃၀ရက်နေ့ကလည်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နှင့် အမှု ရင်ဆိုင် နေရသည့် ဗျိုင်းဖြူကျေးရွာမှ ဒေသခံ ၁၄၈ ယောက်ကိုလည်း တစ်ယောက်စီ ထောင်ဒဏ်  ၃နှစ်စီချမှတ်ခဲ့သဖြင့် ထောင်ချခံရသူ ဗျိုင်းဖြူရွာသား စုစုပေါင်း ၂၀၀ ကျော်ရှိပြီဟု သိရသည်။

လွန်ခဲ့သည့် မေလ ၂၉ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာပြီး ရွာသား ၇၆ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ နောက်ထပ် ရွာသား ၃၀၀ ကျော်ခန့်ကို ဖမ်းဆီးခဲ့သည်။

ယင်း ဖမ်းဆီးခံရသည့် ဒေသခံ ၃၀၀ ကျော်ထဲမှ တချို့ကို ငွေကြေးယူပြီး ပြန်လွှတ်ပေးလိုက်ကာ  ကျန်ရွားများကို AAနှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် အမှုဖွင့်တရားစွဲဆိုကာ ထောင်ချခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ -  စစ်တွေအကျည်းထောင်အား တွေ့ရစဥ်။

 

ဆက်စပ် သတင်းများ