ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

မောင်တောမြို့ကို စစ်ကောင်စီမှဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ပြီး နေဗီမှလူနေကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

နောင်မင်းသူ၊ နိရဉ္စရာ၊စက်တင်ဘာ ၉ /၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့အား စစ်ကောင်စီမှ စက်တင်ဘာလ ၉ ရက် ညနေ ၃ နာရီအချိန်တွင် ဂျက်တိုက် လေယာဉ်၂ စီးဖြင့် ထပ်မံ ဗုံးကြဲ‌တိုက်ခိုက်ခဲ့ပြီး အလယ်သံကျော် ပင်လယက်ပြင်ရှိ စစ်နေဗီမှလည်း လက်နက်ကြီးများဖြင့် လူနေကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

"မောင်တောမြို့ကိုစစ်ကောင်စီက ‌ဂျက်တိုက် လေယာဉ်တွေနဲ့ ဆက်တိုင်းဗုံးကြဲနေတယ်။ နတ်မြစ်၀မှာ ရှိတဲ့ နေဗီကလည်း လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေဘက်ကို ဆက်တိုက် ပစ်နေတယ်လို့ သိရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန် နခခ(၅)၏ ကာကင်းစခန်း  ၂ခုဖြစ်သည့် လူကယ်ပြန်ရုံးနှင့် ဘင်္ဂလာဘုန်းတော်ကြီးကျောင်းစခန်း ၂ ခုကို စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်း အာရက္ခတပ်‌တော် (AA) မှအပြီး သတ်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူများကို  အဆက်မပြတ် ပြုလုပ်လာခြင်းဖြစ်သည်။ 

မောတောမြို့တွင် နောက်ဆုံး လက်ကျန် စခန်းတစ်ခုဖြစ်သည့် နခခ (၅) တစ်ခုတည်းသာ ကျန်ရှိပြီး အဆိုပါ စခန်း၏ တာဝန်အကြီးဆုံးယူထားသူ ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အလံဖြူထောင် လက်နက်ချ အညံ့ခံရန် AA မှ ကမ်းလှမ်းထားကြောင်း သိရသည်။


“ဒီ နခခ ၅ က ဘယ်လို့ မှ ခုခံကာကွယ်လို့ မရနိုင်တော့ဘူး။ စခန်းကျဖို့ဘဲရှိတယ်။ အဘက်ဘက် အေအေက ဝိုင်းထားပြီးပြီ။ မကြာခင် ကျသွားပါလိမ့်မယ်။ ဒီစခန်း မကျရအောင် စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန် ကာကွယ်နေပေမယ့် ရေရှည် ရက်အကြာကြီး ထိန်းထားနိုင်မယ်လို့ တော့ မထင်တော့ဘူး” ဟု မောင်တောမြို့မှ စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောဆိုသည်။

ထိုအတူကိုင်းကြီး(ရခိုင်)ရွာအားစစ်ကောင်စီ နေဗီမှ စက်တင်ဘာလ ၉ ရက် ညနေ ၅ နာရီ ၄၀ မိနစ်၌ လက်နက်ကြီးပစ်ခတ်မူကြောင်း မော်ဂျူလာနေအိမ်တစ်လုံး ပျက်စီးသွားခဲ့ရကြောင်း ကိုင်းကြီး ဒေသခံများထံမှသိသည်။

"ဒီနေ့ညနေ ပိုင်းမှာ အလယ်သံကျော်ပင်လယ်ပြင်နေဗီက မောင်တောကမ်းခြေ ကိုင်းကြီး (ရခိုင်)ရွာဖက်ကို လက်နက်ကြီးတွေဆက်တိုင်းပစ်နေတယ်။ ရွာထဲက မော်ဂျူလာ နေအိမ်တစ် လုံးပျက်စီးသွားခဲ့တယ်။ လူတွေမရှိတဲ့ အတွက် ဘာမှထိခိုက်မူတော့မရှိခဲ့ပါဘူး"ဟု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်လွတ်ခဲ့ရသည့် မြို့ရွာများအား ဆက်လက်ဗုံးကြဲမည်ဟု စက်တင်ဘာ ၃ ရက်က သတင်းစာမှ ပေါ် တင်ခြိမ်းခြောက်ထားပြီးနောက် လေကြောင်း ဗုံးကြဲမှုကို ပိုမို လုပ်ဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။ 

ကိုင်းကြီး(ရခိုင်)ရွာတွင် အိမ်ခြေ(၉၀)ကျော်ရှိပြီးကိုင်းကြီး(မြို)ရွာ၌အိမ်ထောင်စု ၁၃၀ စု လူဦးရေ ၉၀၀ ခန့် နှင့် ၃ မိုင်သီဟိုလ်အေး ကျေးရွာမှ စစ်ဘေးရှောင်အိမ်ထောင်စု ၈၀ စု လူဦးရေ ၄၀၀ ကျော် နေထိုင်လျှက်ရှိနေကြောင်း သိရသည်။

ဓါတ်ပုံ- မောင်တောတောင်းပိုင်း ကင်းချောင်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်က မြင်တွေ့ရသည့် အပျက်အစီးများ။

ဆက်စပ် သတင်းများ