ဗုဒ္ဓဟူး၊ စက်တင်ဘာလ ၁၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် ခရီးသည်များတင်ဆောင်လာသည့် ငါးဖမ်းစက်လှေကို မြန်မာနယ်စပ်မှ သေနတ်ဖြင့်အချက် (၅၀) ခန့် ပစ်ခတ်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ စက်တင်ဘာ ၁၁/ ၂၀၂၄

နတ်မြစ်အတွင်း ခရီးသည်များ တင်ဆောင်လာသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေတစ်စီးကို  မြန်မာနယ်စပ်မှ အနည်းဆုံး ကျည် ၅၀ခန့် ပစ်ခတ်ခဲ့ကြောင်း Ukhiya News တွင် သတင်းဖော်ပြသည်။

သို့သော် အသေအပျောက် မရှိခဲ့ဟုဆိုသည်။

ငါးဖမ်းစက်လှေ၏  နေရာအနှံ့အပြားတွင် ကျည်ဆန်များထိမှန်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ 

Abdur Rashid ပိုင်ဆိုင်သော ခရီးသည်တင် ငါးဖမ်းစက်လှေသည် အင်္ဂါနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်းက မြစ်လယ်ရှိ Naikshyongdia ကိုဖြတ်ကူးစဉ် အဆိုပါအဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ငါးဖမ်းစက်လှေသည် Shahpari ကျွန်း Jetty Ghat တွင် ခရီးသည်များကို ဆင်းစေခဲ့သည်။

သို့သော်လည်း နယ်ခြားစောင့်တပ် (BGP) သို့မဟုတ် အာရက္ခတပ်တော် (AA) က  မြန်မာဘက်မှ ပစ်ခတ်ခြင်း ရှိ၊ မရှိ အတည်ပြုခြင်းမရှိသေးဟု ဆိုသည်။

ငါးဖမ်းစက်လှေပေါ်မှ ခရီးသည်တစ်ဦးဖြစ်သူ နာရှရ်အူဒင်က “ကျွန်မနေမကောင်းဖြစ်နေတဲ့ အမေကို စိန့်မာတင်ကနေ ကော့စ်ဘဇားကို သယ်ယူကုသဖို့ တက်ကနက်ကို ထွက်ခွာခဲ့တယ်။ ခရီးအလယ်မှာ Shahpari ကျွန်း Gholar Char အနီး၊ မြန်မာနိုင်ငံကနေ ရုတ်တရက် ပစ်ခတ်ခဲ့တာပါ” ဟု ပြောသည်။

ငါးဖမ်းစက်လှေပေါ်တွင်  ခရီးသည် ၅၀၊ ၆၀ ခန့်လိုက်ပါလာပြီး ပစ်ခတ်မှုကြောင့် ဆူဆူညံဖြစ်သွားခဲ့ပြီ; အချို့က ငါးဖမ်းစက်လှေ ဝမ်းဗိုက်အောက်တွင် ဝင်ရောက်ပုန်းခိုခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။

Ref and Photo: Ukhiaya News

ဆက်စပ် သတင်းများ