နိရဉ္စရာ၊ စက်တင်ဘာ ၁၃/ ၂၀၂၄
၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ အကြမ်းဖက် စစ်အုပ်စုကြောင့်ရခိုင်ပြည်နယ်တွင် သေဆုံးခဲ့၇သူ (၃၁၁) ဦး အထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က စက်တင်ဘာ(၁၂)ရက်က သတင်းထုတ်ပြန်ရာတွင် ဖော်ပြသည်။
မြန်မာတစ်နိုင်လုံးတွင်သေဆုံးခဲ့၇သူ စုစုပေါင်း (၁၃၆၂) ဦးရှိခဲ့ရာ ထိုအထဲ၌ ၇ခိုင်က ၃၁၁ ဦး သေဆုံးခဲ့သည်ဟု AAPPကသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၇ခိုင်ပြည်နယ်မှ (၃၁၁) ဦး ပါဝင်ပြီး သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၀၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ပြီး (၉၉) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်ဒုတိယ အများဆုံးသေဆုံးခဲ့သည်။
တစ်ခြားသေဆုံးရသည့် အကြောင်းအရင်းများထဲတွင်စစ်တွေဗျိုင်းဖြူရွာကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများလည်းပါဝင်ကြောင်း နိရဉ္စရာကစုံစမ်းသိရှိ၇သည်။
စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ၅၅ မိနစ်တို့တွင်အကြမ်းဖက် စစ်အုပ်စုက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိအာရက္ခတပ်တော်(AA)က စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအားဆေးကုသပေးနေသည့် နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများအထဲတွင် ဦးစောသန်းမောင်၊ မလှစောခင်၊ ဦးစောညီညီ (ခ) တောင်မင်း၊ ဦးကျော်သာမောင်၊ကိုဘုန်းမြတ်ပိုင်၊ ကိုမောင်သိန်းထွန်း (ခ) ငမဲခေါင်၊ ဦးသိန်းထွန်းအောင်၊ဦးကျော်ဝင်းမောင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၁၇ နှစ်အရွယ်မောင်စိုးမင်းအောင်တို့နှင့်အတူ စစ်သုံ့ပန်း ၇ ဦးအပါအ၀စုစုပေါင်း (၁၇) ဦးသေဆုံးခဲ့ပြီး (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်ကြောင်း AAPP ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာတစ်နိုင်လုံးတွင်သေဆုံးသူ စုစုပေါင်း (၁၃၆၂) ဦး၌ အမျိုးသမီး (၄၅၁) ဦးနှင့် အမျိုးသား (၉၁၁) ဦး သေဆုံးခဲ့သည်ကိုအမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုဖော်ပြထားသည်။
ယင်းတို့တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၇၉) ဦးနှင့် အသက် ၆၀နှစ်အထက် သေဆုံးသူ (၁၆၅) ဦး ပါဝင်သည်။ Source/AAPP
(ဓာတ်ပုံ- ၂၀၂၄ ခုနှစ်မတ်လအတွင်းက ရခိုင်က သေဆုံး၊ ဒဏ်ရာရရှိခဲ့သူများ)