Preview

အမ်းတွင် စစ်စခန်းတစ်ခု ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး အရာရှိများအပါအဝင် စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုရှိခဲ့ဟုဆို

စက်တင်ဘာ ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :1780
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊စက်တင်ဘာ ၁၃/ ၂၀၂၄

၇ခိုင်ပြည်၊ အမ်းမြို့နယ်၊ မဲတောင်ဗျူဟာကုန်း စက်တင်ဘာ ၁၀ ရက်နေ့က ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ စစ်ကောင်စီ တပ်က အရာရှိများ အပါအဝင် သေဆုံးဒဏ်ရာရရှိသူ အများအပြား ရှိခဲ့တယ်လို့ သတင်းရရှိသည်။

စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက“ သူတို့က ညဖက်အချိန်အိပ်နေတဲ့အချိန်မှာ  ဒရုန်းနဲ့ တိုက်ခိုက် ခံ၇တာ ဖြစ်တယ်။ ၄ ကြိမ်လောက် တိုက်ခိုက်ခံရတယ်လို့ သိ၇တယ်။  စစ်ကောင်စီက ၈ ယောက် လောက် ကျသွားတယ်။ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေ ရော တပ်သားအဆင့် ရဲဖော်တွေ ၂၀ ထက် မနည်းဒဏ်ရာရသွားတယ်” ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

၎င်းမဲတောင် ဗျူဟာကုန်းသည် အမ်းမြို့နှင့် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိပြီးစက်တင်ဘာ ၁၀ ရက်နေ့ ည ၁၀နာရီခွဲခန့်က ဒရုန်းဖြင့် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့၇သည်ဟုဆိုသည်။

၎င်းည ၁၁ နာရီလောက်တွင်  အမ်းဆေးတပ်မှ စစ်ကောင်စီ အင်အား ၅၀ ခန့်သည်မဲတောင်ဗျူဟာ ကုန်းကို ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ကားဖြင့်လာရောက်ခေါ်ဆောင်သွားခဲ့သည်ဟု ပြောသည်။

ဒဏ်ရာရသူများအား အမ်းမြို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဆေးတပ်တွင်ဆေးကုသမှု ပေးလျက်ရှိသည်ဟု ဒေသခံ တစ်ဦး နိရဥ္စရာ သတင်းဌာနကို ပြောသည်။

“ ကျွန်တော်တို့ သိရသလောက် အဲ့ဒီနေ့ ညကပဲ ဒဏ်ရာရတဲ့စစ်သားတွေကို ဆေးတပ်က အရာရှိတွေနဲ့ ရဲဖော်တွေကကားတွေနဲ့ဆိုင်ကယ်နဲ့လာခေါ်သွားတယ်။ အခုလက်ရှိတော့ ဆေးကုသမှုပေးနေ၇တယ်” ဟု ပြောသည်။

လက်ရှိတွင် အမ်းမြို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့အကြားစစ်ရေး အတင်းမာဆုံး အနေအထားကိုရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တပ်နှင့်သက်ဆိုင်သည့် နေရာများသာမကမသက်ဆိုင်သည့် နေရာများကိုပါ မြေမြှုပ်မိုင်းများ လိုက်လံထောင်နေသဖြင့်ဒေသခံများမှ အပြင်သို့ မသွားမလာရဲ ကြသဖြင့် စားဝတ်နေရေးအခက်အခဲနှင့်ကြုံနေရကြောင်း သိ၇သည်။

ယင်းအပြင် အမ်းနပခဌာနချုပ်နှင့် လက်နက်ကြီး အထိုင်စခန်းများ၊ ဂျင်တောင်ထိပ်တွင်ရှိသည့် လက်နက်ကြီးစခန်း၊ အမ်းမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းများမှ မဲတောင် အနီးတစ်ဝိုက်သို့လက်နက်ကြီးကျည်များဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည် စက်တင်ဘာ ၈ ရက်နေ့က အမ်းမြို့နယ်၊ မအီနှင့် အမ်းကားလမ်းမထက်၌ တည်ရှိသည့် ပဒဲကြောရွာစာသင်ကျောင်းကို စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲခဲ့သေးသည်။

ယခုသတင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်၇သူဦးခိုင်သုခအား ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။

 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.