စောရှင်မေ၊နိရဉ္စရာ၊ စက်တင်ဘာ ၁၃/၂၀၂၃
ရခိုင်တွင်မိုးသည်းထန်စွာ ရွာသွန်း၍ လေးမြို့မြစ်ရေနှင့်ကုလားတန်မြစ်ရေ တိုးလာသော်လည်း ယနေ့ညနေပိုင်းတွင် မိုးရွာသွန်းမှုရပ်တန့်သွားသဖြင့် စိုးရိမ်ရသည့် အခြေအနေမရှိနိုင်သေးဟုဒေသခံများက ပြောသည်။
လေးမြို့မြစ်ရေမှာယနေ့ စက်တင်ဘာ ၁၃ ရက်မနက်ပိုင်းတွင် စတင်မြင့်တက်လာသော်လည်း ညနေပိုင်း၌ မိုးရွာသွန်းမှုရပ်တန့်ကာမြစ်ရေလည်းဆက်လက်မတိုးတော့ဟု မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။
"စောစောကတော ရေတဖြည်းဖြည်းတက်လာတယ်။ ရွာထဲတော့ မဝင်သေးဘူး။ အခုတော့မိုးနည်းသွားလို့ ရေတက်တာ ရပ်သွားတယ်။အဲ့တော့ အခုလက်ရှိ စိုးရိမ်ရတဲ့ အနေအထားတော့မရှိဘူး" ဟုပြောသည်။
လက်ရှိအနေအထားအရမြစ်ရေကြီးမှု ရပ်တန့်နေသော်လည်း နောက်ထပ် မိုးများ အဆက်မပြတ်ရွာသွန်းလာမည်ကို စိုးရိမ်နေရသည်ဟု သူမက ဆက်ပြောသည်။
"အခုတောင် မိုးရွာတာ ၃/၄ ရက်လောက်ရှိပြီလေ။ အခုတော့ မိုးတန့်နေတယ်။ နောက်ထပ် မိုးဆက်ရွာရင်တော့ ဘယ်လိုဖြစ်လာမလဲမပြောနိုင်သေးဘူး။ ရေကြီးရင်တော့ လယ်သမားတွေနဲ့ လက်လုပ်လက်စားသူတွေ၊ ကုန်သည်တွေရော အကုန်အခက်အခဲကြုံ၇နိုင်တယ် " ဟု စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ပြောသည်။
အလားတူကျောက်တော်မြို့တွင်လည်း ကုလားတန်မြစ်ရေများတက်လာပြီးလက်ရှိတွင် မိုးနည်းသွားသည့်အတွက် စိုးရိမ်ရသည့်အနေအထားမရှိဟုကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
"ကုလားတန်မြစ်က တော်ရုံမိုးနဲ့ သိပ်မပြည့်ဘူး။ မနေ့က တစ်ရက်မိုးအရမ်းသည်းလို့ ရေတက်တာပါ။ ကုလားတန်မြစ်ရေက ရေကောင်းကောင်းစီးနိုင်တော့စိုးရိမ်ရတဲ့ အနေအထားမရှိဘူး" ဟုပြောသည်။
အကယ်၍မိုးများဆက်တိုက် ရွာသွန်းပါက စိုးရိမ်ရသည့်အနေအထားရှိလာနိုင်
ယမန်နေ့စက်တင်ဘာ ၁၂ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြော
တောင်ကုတ်နှင့်သံတွဲမြို့တို့တွင်လည်း မိုးသည်းထန်နေမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ရသည်ဟု သိရသည်။
ရခိုင်ပြည်မြောက်ပိုင်းရှိ ကျော
မိုး/ဇလပညာရှင် ဦးဝင်းနိုင်ကလည်း ယာဂိ (YAGI)မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းသည် မြန်မာပြည်ထဲမရှိတော့ဘဲဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရေ
"ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြစ်ချောင်းရေတွေတက်လာနိုင်ပြီးတောင်ပြို-မြေပြိုတာတွေ ဖြစ်လာနိုင်ပါမယ်"ဟုဦးဝင်းနိုင်က သတိပေးထားသည်။
စက်တင်ဘာ၁၅ ရက်အထိ ၇ခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည် ဟုလည်းမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု
Photo - Ko Khine Aung Htoo Kyaw (ပုံဟောင်းသာ/ ဩဂုတ်လအစပိုင်းတွင်လေးမြို့မြစ်ရေကြီးနေသည်ကို တွေ့၇စဉ်)