သျှင်မင်းဇံ၊နိရဉ္စရာ၊ စက်တင်ဘာ၁၃/၂၀၂၄
ရခိုင်ပြည်စစ်တွေမြို့ ရွှေပြားရပ်ကွက် အပါအဝင် ကမ်းနားလမ်းတစ်လျှောက်မှ အရပ်သား အများအပြားကိုယနေ့ ညနေက စစ်ကောင်စီကစစ်ကား ရ စီးဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
မျက်မြင်ရွှေပြားရပ်ကွက်သား တစ်ဦးက " ကျနော်တို့ ရပ်ကွက်ကဆိုရင် အယောက် ၇၀ကျော် လောက် ရှိမယ်ထင်တယ်။ ဒီနေ့ ညနေပိုင်း ၃နာရီလောက်မှာ ဝင်ဖမ်းသွားတာ။ စစ်ကောင်စီ စစ်သား ၃၀ ကျော်က စစ်ကားရ စီးနဲ့ လာရာက်ပြီး ဝင်ရောက် ဖမ်းဆီးသွားပါတယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသူ ၇၀ ကျော်အထဲတွင် ဦးဦးသာကျော် (၆၆)နှစ်၊ ကိုပလာတူး (၄၀)နှစ်၊ကိုကြိုးကြာ အသက် (၄၀)၊ ကိုကြိုးကြာသား (၁၈)နှစ်၊ ကိုမောင်မျိုး အသက် (၄၀) ကျော်နှင့်ကိုနဒီ အသက် (၄၀) ဝန်းကျင်တို့ပါဝင်သည်ဟု ဆိုသည်။
ရွှေပြားရပ်ကွက်သာမက စစ်တွေမြို့ စာတိုက်နားရှိ သူနာပြုအိမ်ရာနားကနေ ကမ်းနားလမ်း တောက်လျှောက်ကလူတွေကို လိုက်ဖမ်းသည်ဟု ကြားသိ၇သည်ဟု ၎င်းက ဆက်ပြောသည်။
" အခုက ကမ်းနားလမ်းတောက်လျှောက်ဖမ်းနေတာဗျာ။ဘာလို့ဖမ်းနေတာလဲဆိုတာ ကျနော် မသိဘူး။ သူတို့ပဲ သိမယ်။ဖမ်းဆီးခံ၇သူတွထဲမှာ အမျိုးသမီးတွေလည်းပါတယ်။ အမျိုးသားတွေများတယ်။"
ဖမ်းဆီးခံရသူများကိုမည်သည့် နေရာသို့ ယူဆောင်သွားသည်ကို မသိ၇သေးကြောင်း ၎င်းက ပြောကြားသည်။
လွတ်မြောက် နယ်မြေရောက် စစ်တွေဒေသခံ လူငယ်တစ်ဦးက "စစ်ကောင်စီက အေအေဆီမှာစစ်ရှုံးနေတယ်။ ဘာလို့မှာ တိုက်မနိုင်ဖြစ်နေတော့ သူနိုင်တဲ့ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာပဲ။ စစ်ကောင်စီ အနေနဲ့ ပြည်သူကို ပြည်သူလို မြင်ဖို့လိုတယ်ဗျာ" ဟု ပြောသည်။
ယခု ဖမ်းဆီးမှုနှင့် စစ်တွေမြို့နယ်ရဲစခန်းနှင့် မြို့မရဲစခန်းအားဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် ဖမ်းဆီးခံရသည့် လူအရေအတွက်ကို အတိအကျအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။
စစ်တွေမြို့ပေါ်တွင် လက်ရှိ အချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော် စစ်တွေမြို့နယ် အရှေ့ မြောက်ဘက် မင်းလှကျေးရွာတွင် စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်တို့ သည် ဩဂုတ် ၂၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီ အလောင်း ၃၀ ကျော်နှင့် လက်နက် ၅၀ ကျော် သိမ်းဆည်းရမိခဲ့သည်ဟု AA ပြောခွင့်၇သူဦးခိုင်သုခက ပြောဆိုသည်။
ထိုသို့ စစ်ရေး တင်းမာနေချိန်တွင်ရဲနှင့်စစ်တပ်သည် အပြစ်မဲ့ အရပ်သားများအား အကြောင်း အမျိုးမျိုးပြကာ ဖမ်းဆီးနေရပြီးအချို့ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ရွေးခိုင်းကာ အချို့မှာ လည်း ငွေကြေး မတတ်နိုင်သဖြင့်မိသားစုဝင်များနှင့်
စစ်ကောင်စီသည် ပြီးခဲ့သည့်မေလ ၂၉ ရက်နေ့ကလည်း ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်ပြီ; ရွာသူ/ရွာသား များအား ဖမ်းဆီးကာထိုအထဲမှ (၇၆)ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့ပြီး လူပေါင်း ၃၀၀ကျော်ကိုစစ်ကောင်စီ ခလ၇ (၂၀) တပ်ရင်းကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
စစ်ကောင်စီသည် စစ်တွေမြို့အားနောက်ဆုံးခံတပ်အဖြစ် စစ်ရေးအရ အကြီးအကျယ်ပြင်ဆင်နေပြီး ကမ်းနားလမ်းတောက်လျှောက်လုံးကို ခြံစည်းရိုးခတ်ထားသည့်သာမက လုံခြုံရေး ပိုမိုတင်းကျပ်ပြီး လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု သိ၇သည်။
မြို့သူမြို့သားများကိုလည်း မြို့ကနေ ထွက်သွား၍မရအောင် ပိတ်ဆို့ထားပြီး ဓားစာခံများအဖြစ် အသုံးချထားသည်ဟု သိ၇သည်။