Preview

ပလက်၀နှင့် စစ်တွေအထိ လျှပ်စစ်မီးပေးနိုင်ရန် အိန္ဒိယ ဆန္ဒရှိနေဟုဆို

စက်တင်ဘာ ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :1657
ရခိုင် သတင်း

နိရဉ္စရာ၊ စက်တင်ဘာ၁၄/ ၂၀၂၄

ချင်းပြည်နယ် ပလက်၀နှင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေအထိလျှပ်စစ်မီးပေးနိုင်ရန် အိန္ဒိယအနေဖြင့်ဆန္ဒရှိနေသည်ဟု မီဇိုရမ်အခြေစိုက် ခိုနူမ်းသုန်သတင်းကသတင်း ဖော်ပြသည်။

မီဇိုရမ်အစိုးရအဖွဲ့သတင်းနှင့် ပြန်ကြားရေးဌာနကထုတ်ပြန်ချက်ကို ကိုးကားပြီးသတင်းဖော်ပြရာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွဲဖက်အတွင်းရေးမှူး B.Shyam သည် မီဇိုရမ်ပြည်နယ်သို့ အလည်ရောက်ရှိနေစဉ်  ယခု ၁၂ ရက်နေ့က မီဇိုရမ် ပြည်နယ်အစိုး၇လျှပ်စစ်ဝန်ကြီး Pu F. Rodingliana ကို သူ၏ ရုံးခန်းတွင်တွေ့ဆုံခဲ့ပြီးထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အိန္ဒိယအစိုးရ  အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွဲဖက်အတွင်းရေးမှူး B.Shyam သည် မီဇိုရမ် ပြည်နယ်သို့ ရောက်ရှိနေစဉ်  ပလက်၀နှင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေအထိလျှပ်စစ်မီးပေးရန်ဆန္ဒရှိပြီး  ပူးပေါင်းဆောင်ရွက်ပေးရန် မီဇိုရမ်ပြည်နယ်အစိုး၇ကပြောကြားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။'


အိန္ဒိယအစိုး၇အနေဖြင့်မြန်မာဘက်ခြမ်း ချင်းပြည်နယ် ပလက်၀မြို့အထိ လျှပ်စစ်မီးဖြန့်ဝေပြီး ထိုမှတဆင့်ရခိုင်ပြည် နယ် စစ်တွေဆိပ်ကမ်းအထိ လျှပ်စစ်မီးပေးရန်ဆန္ဒရှိပြီး ယင်းအတွက် မီဇိုရမ်အစိုးရအနေဖြင့်ပူးပေါင်းဆောင်ရွက်ပေးရန် ဖိတ်ခေါ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွဲဖက်အတွင်းရေးမှူးနှင့် မီဇိုရမ်အစိုးရ လျှပ်စစ်ဝန်ကြီးတို့သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့နှင့်ကုန်သွယ်ရေးစနစ်တကျဆောင်ရွက်နိုင်ရေးလည်း ဆွေးနွေး ခဲ့ကြသည်ဟု သိ၇သည်။

ထို့အပြင်ယခုလက်ရှိဖော်ဆောင်နေသော ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း အခြေအနေ နှင့် အခက်အခဲစိန်ခေါ်မှုများဖြေရှင်းနိုင်ရေးနည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိ၇သည်။

ယခုကဲ့သို့ လျှပ်စစ်မီး ပေးနိုင်ရန် ပြောဆိုခြင်းသည် အာရက္ခတပ်တော် (AA)၏ နယ်မြေစိုးမိုးမှုနှင့် လက်ရှိ ပကတိ ဖြစ်တည်နေမှုအပေါ်အိန္ဒိယက လက်ခံနားလည်သည့် သဘောဖြစ်ပြီး အနာဂတ်တွင်  AA နှင့် ပိုမိုထိတွေ့ ဆက်ဆံမည့် အနေအထား သဘောဖြစ်ကြောင်းသုံးသပ်၇သည်။

#ပလက်ဝ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.