သဉ္ဇာနွယ်၊နိရဉ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၄
ရခိုင်ပြည်၊ ဂွမြို့နယ်၊ကျိန္တလီမြို့ အနီးရှိ ဂန့်ဂေါ်တောင်ကျေးရွာမှ ဖမ်းဆီးခံ၇သည့်ချင်းလူငယ်၃ ဦးသည် ယနေ့အချိန်ထိအဆက်အသွယ်မရဘဲပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ မောင်သက်ဆန်းထက်၊ ၎င်းနှင့် ညီအစ်ကိုတော်စပ်သူမောင်ထူးထူးဆန်းနှင့် မောင်လင်းလင်းဆန်းတို့ဖြစ်ကြပြီး ၎င်းတို့၏ အသက်အရွယ်မှာ (၁၆)ဝန်းကျင် အရွယ်ဖြစ်ကြသည်ဟုဒေသခံတစ်ဦးက ပြောသည်။
၎င်း လူငယ် ၃ ဦးကိုစက်တင်ဘာ ၆ ရက်နေ့ ည ၈ နာရီခန့်က ဂန့်ဂေါ်တောင်ကျေးရွာမှ ထွက်ပြေးစဉ်ကျေးရွာအနီးအနား လမ်းခုလတ်တွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
" ဂန့်ဂေါ်တောင်ရွာကိုစစ်တပ်က ဝိုင်းပြီးနေရာယူထားတယ်။ တစ်ရွာလုံးကိုလည်း ပိတ်ထားတယ်။လူငယ်တွေကို ဖမ်းဆီးတာတွေရှိတော့ သူတို့သုံးယောက်ကညဖက် အထုပ် တွေနဲ့ထွက်ပြေးတဲ့ အချိန်မှာ လမ်းမှာစစ်သားတွေက ဖမ်းသွားတာပါ။ ဖမ်းတဲ့ နေ့ကတည်းက အဆက်အသွယ် မ၇သေးဘူး။ အသက်ကလည်း မပြည့်သေးတော့မိသားစုတွေက စိတ်ပူနေကြတယ်" ဟု ပြောသည်။
၎င်းတို့ ၃ ဦးအား ဖမ်းဆီးပြီးနောက် ကုလားပြင်ကျေးရွာ တစ်ဆင့် ဂွမြို့ အခြေစိုက်တပ်ရင်းသို့ ယူဆောင်သွားသည်ဟု သိရသော်လည်းယနေ့အချိန်ထိ မည်သည့်တပ်ရင်းတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဟု ဆက်လက်ပြောဆိုသည်။
" ကုလားပြင်ကနေ ဂွမြို့ကို ပို့လိုက်တာတေ
ဂန့်ဂေါ်တောင်ကျေးရွာတွင် စစ်ကောင်စီမှတပ်စွဲထားပြီး လူငယ်များကို အဓိကထား ဖမ်းဆီးကာ ရိုက်ပုတ်ညှဉ်းပမ်းပြီး စစ်ဆေးမေးမြန်းမှုများရှိသဖြင့် ၎င်း လူငယ် ၃ ဦးက ရွာကနေ ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုသိရသည်။
ကျိန္တလီမြို့နယ်ဂန့်ဂေါ်တောင် ပတ်ဝန်ကျင်းနှင့် အနီးအနားရှိ ရွာမျာ
ယင်းအပြင် ဂွအခြေစိုက်တပ်ရင်းများမှကုလားပြင်ကျေးရွာသို့ အင်အားဖြည့်ပြီး ကုလားပြင်မှ ဂန့်ဂေါ်တောင်ရွာသို့ ထပ်မံအင်အားဖြည့်ထားကြောင်း သိ၇သည်။