ကံ့ကော်နီနီ၊နိရဉ္စရာ၊ စက်တင်ဘာ ၁၇ / ၂၀၂၄
မဒေးကျွန်း ဆိပ်ကမ်းသို့ တရုတ်ရေနံ သင်္ဘောများဝင်ထွက်ရာ ၇ခိုင်ပြည်၊ကျောက်ဖြူ မြို့နယ်အတွင်းမှ သံဇစ် မြစ်ကြောင်းအား စတင်တူးဖော်နေပြီး သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ်အစိုး၇ပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် CNPC-SEAP တို့ ပူးပေါင်းထားသော အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီလီမိတက် (South-East Asia Crude Oil Pipeline Company limited) တို့ကပူးပေါင်း တူးဖော်နေခြင်းဖြစ်သည်ဟု သိ၇သည်။
ကျောက်ဖြူဒေသခံလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်
စက်တင်ဘာလအစောပိုင်းမှစတင်ကာသံဇစ်မြစ်ကြောင်းတစ်လျှောက်ကို ခေတ်မီ တူးဖော်ရေး စက်ကိရိယာများ
သံဇစ်မြစ်ကြောင်းတူးဖော်ရာမှထွက်လာသည့် သန္တာကျောက်တန်းများမှ မြေစာများအားညဥ့်အချိန် တရုတ်သင်္ဘော များဖြင့်
"မြစ်တူးတာကထွက်တဲ့မြေစာတွေကိုပင်လယ်ထဲကိုသင်္ဘောတွေနဲ့သွားပြီးစွန့်ပစ်ကြတယ်။ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုတွေကတော့ အကြီးအကျယ်ဘဲ။ ရေနေသတ္တဝါတွေ ကျက်စားနေထိုင်တဲ့သဘာ၀ ရေအောက်ကြမ်းခင်းတွေလည်း ပျက်စီးကုန်တာပေါ့ "ဟုပြောသည်။
ရေနံတင်သင်္ဘောများဝင်ထွက်မှုကြောင့်မြစ်ကြောင်းပျက်စီးနေသည့် သံဇစ်မြစ်မှာ ယခင်ကလည်းတူးဖော်ပြီးသားဖြစ်သလို
“ အရင်လည်းတူးထားပြီးပြီ။ အခုလည်းထပ်တူးတယ်ဆိုတော့ မြစ်အတွင်း ကျန်ရှိနေတဲ့ သားငါးမျိုးစိပ်တွေနဲ့ ရေနေသယံဇာတတွေအားလုံး ထပ်မံပျက်စီးရုံ သာရှိပါတယ်” ဟု ပြောသည်။
ယခုသံဇစ်မြစ်အား တူးဖော်နေသဖြင့် သဘာ၀ပတ်ဝန်းကျင် ပျက်စီးသည့်အပြင်ဒေသခံ ပြည်သူများ လုပ်ကိုင်စားသောက်နေတဲ့ ငါးဖမ်းလုပ်ကွက်များလည်း ပျက်စီးကုန်သဖြင့်ဒေသခံပြည်သူများက ၎င်းတူးဖော်မှုက လက်မခံကြဟု သိရသည်။
မဒေးကျွန်းမှရေနံများကိုသယ်ယူမည့် ရေနံတင် သင်္ဘောကြီးများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရန်
တူးဖော်နေစဥ်ကာလအတွင်း ဒေသခံများအနေဖြင့်သံဇစ်မြစ်အတွင်းသွားလာခြင်း၊ ငါးဖမ်းခြင်းများမပြုလုပ်ရန်စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ်ပြီးတားမြစ်ပိတ်ပင် ထားသည်။
ရခိုင်တိုက်ပွဲစတင်သည့်နိုဝင်ဘာလအတွင်းကပင် သံဇစ်မြစ်ကြောင်းတစ်လျှောက် ဒေသခံများဖြတ်သန်းသွားလာခွင့်နှ
ကျောက်ဖြူမြို့နှင့်၁၀ မိုင်ခန့်အကွာတရုတ်ရေနံပိုက်လိုင်းအစပြုရာ မဒေးကျွန်းတွင် ပရိန်၊ ကျောက်တန်း၊ ရွာမ၊ ကျောက်မော်ကြီး စသည့်ကျေးရွာလေးရွာခန့်ရှိရာ လူဦးရေ၏ သုံးပုံနှစ်ပုံလောက်မှာရေလုပ်ငန်းဖြင့်အသက်မွေးကြသူများဖြစ်ကြသည်ဟု သိရသည်။
စစ်ကောင်စီနေဗီများကသံဇစ်မြစ်ကြောင်းတွင် စောင့်ကြပ်နေပြီး ဖြတ်သန်းသွားလာသည့်ဒေသခံစက်လှေ
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် တရုတ်တို့၏ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့စီမံကိန်းကြီးများတည်ရှိပြီးနှစ်စဉ် ဘီလီယံနှင့် ချီပြီး စစ်ကောင်စီက ဝင်ငွေရနေသော်လည်း ဒေသခံပြည်သူများမှာ တစ်စုံတစ်ရာ အကျိုးခံစားခွင့်မရှိဘဲဆင်းရဲတွင်းနက်နေကြ၇သည်ဟု သဘာ၀ ပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူများက ပြောသည်။
တရုတ်အစိုးရသည် စစ်ကောင်စီနှင့် ပူပေါင်းကာ ဒေသခံပြည်သူများ၏အရေးကို လျစ်လျူရှုပြီး သူတို့၏ အကျိုးစီးပွားအတွက်ရခိုင်တွင် နောက်ထပ် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အထူးစီးပွားရေးဇုန် စီမံကိန်ကြီးများကိုလုပ်ကိုင်ရန် စိုင်းပြင်းလျှက် ရှိနေကြောင်း သိရှိ၇သည်။
(ပုံစာ- မဒေးကျွန်းတွင် ဆိုက်ကပ်ထားသည့် တရုတ်ရေနံတင် သင်္ဘောတစ်စီးကို တွေ့၇စဉ်/ဓာတ်ပုံ နိရဉ္စရာ)