သဉ္ဇာနွယ်၊နိရဉ္စရာ၊ စက်တင်ဘာ ၁၈/ ၂၀၂၄
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲနေ၍ ဒေသခံကျေးရွာသားများ နေအိမ်များကို စွန့်ခွာထွက်နေကြရကြောင်း သတင်းရရှိသည်။
တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူရွာကို စက်တင်ဘာ၁၆ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့သဖြင့် အနီးအနားရှိကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု တောင်ကုတ်ဒေသခံ တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
"မနေ့က ညနေက ခေါင်းလောင်းတူရွာဘက်ကိုလာကြဲ
ခေါင်းလောင်းတူကျေးရွာအပါအဝင်အနီးအနားရှိ ပတ်ဝန်းကျင်ရွာများ၏ အနီးဝန်းကျင်တွင်လည်း ဗုံးများ ကျရောက် ပေါက်ကွဲခဲသည်ဟု သတင်းများထွက်ပေါ်နေပြီး အထိအခိုက်
"စစ်ရေးအခြေအနေတင်းမာနေတော့ တောင်ကုတ်မြို့ပတ်ဝန်းကျင်က ရွာတွေကိုအေအေရှိတယ် ဆိုတဲ့သံသယနဲ့ ပြည်သူနေတဲ့ရပ်ရွာတွေကိုအကြောင်းပြပြီး တမင်ရည်ရွယ်ပြီး လေကြောင်းကနေ ဗုံးကြဲနေတာ"ဟု ၎င်းက ဆက်ပြောသည်။
ဩဂုတ်လ၂၉ ရက်၊ မနက်အစောကြီး ညအချိန်ကလည်း တောင်ကုတ်မြို့နယ်၊တရဂူကျေးရွာနှင့် တပျော့ကျေးရွာကြား ရွှေပန်းတောကျေးရွာ သွားလမ်းတွင်
တရဂူကျေးရွာသည်ခမ၇ (၅၄၄)၊ ခမ၇ (၃၄၆)၊ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅)တို့နှင့်သုံးမိုင်ကျော်သာကွာဝေးကြောင်း သိ၇သည်။
အလားတူ ဩဂုတ်လ ၂၂ ရက်ကလည်း မအီ- တောင်ကုတ်လမ်းပိုင်းမြို့နှင့် နီးစပ်သည့် ကျေးရွာမျာ
တောင်ကုတ်မြို့ကို ထိုးစစ်ဆင်သွားမည်ဟု ဩဂုတ် ၁ ရက်ကအာရက္ခတပ်တော် (AA)က ကြေညာထားပြီးနောက်ပိုင်းစစ်ကောင်စီတပ်သည် တောင်ကုတ်တွင် စစ်ရေး အခိုင်အမာ ပြင်ဆင်လျက်ရှိ
ယင်းအပြင်တောင်ကုတ်မြို့ပေါ် တပ်ရင်းများကလည်း လက်နက်ကြီးများပစ်ခတ်ခြင်း၊ပြည်သူများ အသွားအလာများကို တင်းကျပ်ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိနေကြောင်
ဓာတ်ပုံ- ပုံဟောင်း