စောရှင်မေ၊နိရဉ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၄
ရခိုင်ပြည်၊စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်အနီးGE ဆိပ်ကမ်းတွင်ကုန်တင်စက်လှေတစ်စီးနှင့် စက်လှေသမား ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါစက်လှေကိုပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်၊ ည ၉နာရီကျော်ခန့်တွင် ဆတ်ရိုးကျ ချောင်းရှိ စစ်ကောင်စီနေဗီက လိုက်လံဖမ်းဆီးပြီးစက်လှေသမားများကိုလည်း ရိုက်နှက်၍ ဖမ်းဆီးသွားကြောင်းဒေသခံတစ်ဦးက ပြောသည်။
"စက်လှေတွေကို နေဗီကလိုက်ဖမ်းတာပါ။စက်လှေပေါ်က ပစ္စည်းတွေလည်းအကုန်သိမ်းသွားတယ်။ပြီးရင် အဖမ်းခံ၇တဲ့စက်လှေကအကြီးလေ။ စက်လှေသမား ၅ ယောက် ကိုလည်း ရိုက်ပြီးခေါ်သွားတာ" ဟုပြောသည်။
အဆိုပါစက်လှေတွင်တင်ဆောင်လာသည့် ကုန်ပစ္စည်းများမှာ လူသုံးကုန်၊စားကုန်များဖြစ်ပြီး ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်း၃၀၀၀ ခန့် တန်ဖိုးရှိကြောင်း သိရသည်။
ကုန်ပစ္စည်းများသယ်ယူခွင့်ကို စစ်ကောင်စီက တားမြစ်ထားသော်လည်းနယ်ဘက်တို့တွင် စားနပ်ရိက္ခာများပြတ်တောက်နေ၍စစ်တွေမှတဆင့် စွန့်စားပြီး သယ်ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟုဒေသခံများက ပြောသည်။
နောက်ထပ်စစ်တွေမြို့ခံတစ်ဦးက "ကုန်စက်လှေထွက်တဲ့သူတွေကလည်းပိုက်ဆံပေးပြီး ထွက်တာ။ပိုက်ဆံမရတဲ့ နောက်တစ်ဖွဲ့ကဖမ်းတာနေမှာပေါ့။သူတို့က ပစ္စည်းလည်း အကုန် ယူတယ်။ လူကိုလည်းရိုက်ပြီးဖမ်းထားတယ်ဆို
ထိုသို့ဖမ်းဆီးခံလိုက်၇သူ ၅ ဦးကို စက်တင်ဘာ၁၆ရက်နေ့ စစ်ကားများဖြင့် ခေါ်ဆောင် သွားပြီး ကုန်ပစ္စည်းများကိုနောက်တစ်နေ့ စက်တင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကားများနှင့် သယ်ယူသွားကြောင်းဒေသခံများက ပြောသည်။
အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းနှင့် စစ်တွေမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။
ဓာတ်ပုံ - ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကစစ်တွေဆိပ်ကမ်းရှိ စက်လှေတစ်စီးအား တွေ့၇စဉ်။