ကြိုင်ဟိန်းလင်း၊နိရဉ္စရာ၊ စက်တင်ဘာ ၁၉/ ၂၀၂၄
ရခိုင်ပြည်၊ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်း
သေဆုံးသွားသူများမှာ စက်တင်ဘာ ၄ ရက်က ကလေးငယ် (၄)ဦး၊ ၈ ရက်ကကလေးငယ် (၂)ဦးနှင့် ၁၇ ရက်က အမျိုးသမီးကြီး(၁) ဦးတို့ သေဆုံးသွားခြင်းဖြစ်သည်ဟု စခန်း တာဝန်ရှိသူက ပြောသည်။
ဝမ်းပျော့၊ဝမ်းလျှော ရောဂါကို စက်တင်ဘာလ၃ ရက်မှစတင်ကာ ကလေးငယ်များမှစတင်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူတစ်ယောက်က ပြောသည်။
"ကျနော်တို့က ဒုက္ခသည်စခန်းမှာ နေရတာဆိုတော့အပူချိန်များရင်လည်း အဆင်မပြေ၊ ရေလည်း အဆင်မပြေဘူး။ကလေးငယ်တွေက စပြီးတော့ဖြစ်တာ။ အခုကလူကြီးတွေလည်း ဖြစ်တယ်"ဟု ပြောသည်။
အဆိုပါစခန်းတွင်လက်ရှိအချိန်ထိ ဝမ်းရောဂါဖြစ်ပွားနေသူဦးရေ ၂၅၀ကျော်အထိရှိကာ ဆေးဝါးကုသရန် ခက်ခဲနေကြသည်ဟု သိရသည်။
မွတ်ဆလင်ဒုက္ခသည်များကိုယခင်က နယ်စည်းမခြားဆရာဝန်များ (MSF)အဖွဲ့ကကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့
"ကျန်းမာရေးစောင့်ရှောက်ပေးတာက MSF အဖွဲ့တစ်ခုရှိပါတယ်။ အဲအဖွဲ့လည်းလာပြီးတော့ ကုသဖို့အတွက် အဆင်မပြေဘူး။မြေပြင်မှာရှိတဲ့ သူတို့ရဲ့ စေတနာ့ဝန်ထမ်းတွေမှာလည်း ဆေးဝါးတွေမရှိဘူး။ ဒါပေမဲ့ဒီလိုရောဂါဖြစ်နေတဲ့သူတွေကို ဘယ်လိုထားရမယ်။ ရေတွေကို ဘယ်လိုတိုက်ရမယ်ဆိုပြီးတော့အဲလိုမျိုး ပညာပေးပြီးတော့ စောင့်ရှောက် ပေးနေတာတွေ ရှိတယ်"
ယင်းရောဂါကြောင့်နောက်ထပ် ရောဂါဝေဒနာခံစားနေရသူများလည်း အသက်ဆုံးရှုံးမှာကိုစိုးရိမ်ကြောင့်ကြနေကြသည်။
အနောက်ရဲမွတ်ဆလင် ဒုက္ခသည်စခန်းတွင် ကျား ၂၃၉၁ ဦး၊ မ ၃၄၀ရဦးရှိကာ လူဦးရေစုစုပေါင်း ၅၇၉၈ ဦးရှိပြီးအိမ်ထောင်စုစုပေါင်း ၁၁၉၇ စုရှိကြောင်းသိရှိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း စစ်တွေမြို့နယ်ရှိဒုက္ခသည်စခန်းများတွင် နေထိုင်သည့်မွတ်ဆလင်ဒုက္ခသည်များလည်းဝမ်းပျော့၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၈၀ နီးပါး သေဆုံးသွားခဲ့သည်ဟု သိ၇သည်။
ဓာတ်ပုံ- ပေါက်တောမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည်များအား တွေ့၇စဉ်။(ပုံဟောင်း)