လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ
တရုတ်နှင့် ဆက်ဆံရေးကို အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေဖြင့် အကောင်းနိုင်ဆုံးလုပ်ကိုင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောဆိုလိုက်သည်။
မြန်မာပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ်တရုတ်အစိုးရ၏ ဖိအားများလာပြီး နောက်ပိုင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /အာရက္ခတပ်တော်(ULA/AA)နှင့် တရုတ်ဆက်ဆံရေး အခြေအနေအပေါ် ဒေါက်တာလှကျော်ဇောအားနိရဉ္စရာက မေးမြန်းစဉ် ထိုသို့ သုံးသပ် ပြောဆို သွားခြင်း ဖြစ်သည်။
“တရုတ်က အေအေနဲ့လည်း ဆက် ဆံနေတယ်။အကုန်လုံးနဲ့ဆက်ဆံနေတာဘဲ။တောက်လျှောက်လည်းပြောနေတာဘဲ။ဒီလိုရှိတယ်ဗျ။တရုတ်
တရုတ်နှင့် ဆက်ဆံရေးခက်သော်လည်း တော်လှန်ရေး အဖွဲ့များ အနေဖြင့်နည်းလမ်းပေါင်းစုံနှင့် ရအောင်ဆက်ဆံရမည်ဖြစ်ပြီး လုပ်ရင်းကိုင်ရင်းနှင့် အရည်အသွေး ပြည့်၀လာမည်ဖြစ်ကြောင်း ပြောကြားသည်။
“ သူတို့ တရုတ်နဲ့ဆက်ဆံရတာ ခက်ပေမယ့်
၎င်းပြင် ရခိုင်၏ အိမ်နီးချင်း နိုင်ငံများနှင့်လည်း မည်သို့အခြေအနေဖြစ်စေဆက်ဆံရမည်ဖြစ်သဖြင့် တရုတ်နှင့်ဆက်ဆံရေးကတဆင့် လုပ်တတ်ကိုင်တတ်သွားမည်ဟု သုံးသပ်ပြောဆိုသည်။
“ ခင်ဗျားတို့ ရခိုင်က ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနဲ့လည်းဆက်ဆံရမှာပဲ။တရုတ်နဲ့လည်းဆက်ဆံ၇မှာဘဲ။ဒီကတဆင့် လုပ်တတ်ကိုင်တတ်သွားမှာပါ” ဟု ပြောသည်။
၎င်းပြင် ဒေါက်တာ လှကျော်ဇော်က “ အေအေက တော့တော်တော်လေးခိုင်ခိုင်မာမာ
အာရက္ခတပ်တော် (AA)၏အဓိက တိုက်ပွဲဖော်ဆောင်နေသော တော်လှန်ရေး နယ်မြေမှာ တရုတ် နယ်စပ်အနီးတွင် မဟုတ်ဘဲ နယ်မြေဒေသခြားနားနေသဖြင့်တရုတ်၏ ဖိအားကို အတိုင်းထက် အလွန် စိုးရိမ်စရာ မရှိသော်လည်း တရုတ်စီမံကိန်းအများအပြားမှာရခိုင်ပြည်တွင် တည်ရှိသဖြင့် တရုတ်နှင့် အာရက္ခတပ်တော် ( AA)ဆက်ဆံရေးမှာ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်ပတ်သက်နေမည် ဖြစ်သည်။
အာရက္ခတပ်တော်သည်ရခိုင်ပြည်အတွင်းရှိတရုတ်စီမံကိန်းများနှင့်တရုတ်ဝန်ထမ်းများအား မထိခိုက်အောင် ထိန်းသိမ်းကာကွယ်သွားမည်ဟု အာမခံချက်ပေးထားသော်လည်းတရုတ် စီမံကိန်းကြီးများတည်းရှိရာကျောက်ဖြူမြို့နှင့် ဓည၀တီရေတပ်တို့အား ဆက်လက်တိုက်ခိုက် သွားမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။
တရုတ်အစိုးရအနေဖြင့်မြန်မာပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဟု ပြောဆိုထားသော်လည်း တစ်ခြားတစ်ဖက်တွင် မြန်မာစစ်အစိုးရ မပြုတ်ကျရေးအတွက်နောက်ကွယ်ကနေ ကျားကန် ပေးနေပြီး လက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များကိုလည်း နည်းမျိုးစုံဖြင့်ဖိအားပေးနေသဖြင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုမျာလည်း နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေကြောင်းသိရှိ၇သည်။ ( ဆန္ဒပြဓာတ်ပုံ- မစ္ဈိမ)