စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မောင်တော နခခ(၅)သို့ လေထီးဖြင့်ချပေးသည့် လက်နက်နှင့် ရိက္ခာထုပ်များ တပ်ခြံစည်းရိုးပြင်ပသို့ ကျ‌ရောက်သွားရာမှ သွားရောက် ကောက်ယူသည့် စစ်ကောင်စီတပ်သားများကို AA လိုက်လံ တိုက်ခိုက်ရာ စစ်တပ်မှ အကျအဆုံးများရှိပြီး အများအပြားဖမ်းဆီးခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.8k

နောင်မင်းသူ၊ နိရဉ္စရာ၊စက်တင်ဘာ ၂၀/၂၀၂၄

စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီခန့်က ောင်တော နခခ(၅)သို့ လေထီးဖြင့်ချပေးသည့် စစ်ကောင်စီ၏ လက်နက်ရိက္ခာများအထုပ်များ တပ်ြံစည်းရိုးပြင်ပသို့ ကျ‌ရောက်သွားသဖြင့်  သွားရောက် ကောက်ယူသည့် စစ်ကောင်စီတပ်သားများကို  အာရက္ခတပ်တော် (AA) က လိုက်လံရှင်းလင်း တိုက်ခိုက်ရာ စစ်တပ်မှ အကျအဆုံးများရှိပြီး အများအပြားဖမ်းဆီးခံရဟု ဒေသစစ်ရေးသတင်းရင်းမြစ်အရ သိရသည်။  

စစ်သားတွေ စခန်းအပြင်ကို ထွက်ကောက်တာ၊ စခန်းပြင်ပကို ကျသွားတဲ့ လေထီးနဲ့ ချပေးတဲ့ ရိက္ခာတွေ၊ လက်နက်ခဲယမ်း အထုပ်တွေကို။ တပ်တော်က စခန်းကိုဝိုင်းထားတဲ့ ကတည်းက အားလုံး အသင့်ရှိနေတာ။ အဲဒီမှာ ရိက္ခာထုပ်တွေကို သယ်ယူဖို့ စခန်းပြင်ကို ထွက်လာတဲ့သူတွေနဲ့ တိုက်ပွဲဖြစ်တာ။ ကျနော်တို့ သိရသလောက်  စစ်သား ၇၀ ကျော်ကို အေအေက အရှင်ဖမ်းမိတယ်လို့ သိရပါတယ်ဟု ၎င်းသတင်းရစ်မြစ်က ပြောကြားသည်။

စစ်ကောင်စီတပ်သား ၇၀ ကျော်ဖမ်းဆီးမိသည့် ကိစ္စနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းထားသော်လည်း လက်ရှိ သတင်းရေသားနေချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။  

စစ်ကောင်စီသည် ို့သို့ အထိနာသွားသဖြင့် နခခ (၅) အနီးပတ်ဝန်းကျင်အာဂျက်တိုက်လေယာဉ် ၂ စီးဖြင့်  ၃ ကြိမ် လာရောက် ဗုံးကြဲ တိုက်ခိုင်ခဲ့သည်ဟု ပြောဆိုသည်။

မနေ့က ညနေ ၄ နာရီကျော်မှာ ဂျက်နှစ်စီးနဲ့ တစ်ကြိမ်လာပစ်တယ်။  ညနေ ၆ နာရီကျော်မှာ နောက်ထပ် တစ်ကြိမ်နဲ့  ညသန်ခေါင် ၁၂ နာရီခန့် တစ်ကြိမ် ဗုံးလာကြဲပါတယ်။ နခခ (၅) အနီးဝန်းကျင်ကို လာကြဲတာပါ။ သူတို့ အထိနာရင် စစ်တပ်က ခုလို ဗုံးလာကြဲတတ်ပါတယ်ဟု ပြောသည်။

မောင်တောမြို့ နောက်ဆုံး လက်ကျန် နခခ (၅) အား အာရက္ခတပ်တော်မှ ဝိုင်းထားသဖြင့် အဆိုပါ စခန်းအတွက် လိုအပ်သော ရိက္ခာနှင့် လက်နက်ခဲယမ်းများကို စစ်ကောင်စီက လေယာဉ်ပေါ်မှ လေထီးဖြင့် ချပေးနေရပြီး စက်တင်ဘာ ၂၀ ရက်နေ့က  ၆ ကြိမ်မြောက်ချပေးစဉ် အထုပ်များအားလုံး စခန်းပြင်ပသို့ ကျသွားခဲ့သည်ဟု သိရသည်။

အာရက္ခတပ်တော်သည် အမြောက်ကြီးများဖြင့် နခခ (၅) ခန်းတွင်းသို့ မကြာခဏ ပစ်ခတ် တိုက်ခိုက်လျှက် ရှိနေပြီး စစ်ကောင်စီဘက်ကလည် ၎င်းစခန်းမကျစေရန် လေကြောင်းနှင့် ရေကြောင်းကနေ အသည်းအသန် ခုခံကာကွယ်နေသည်ဟု သိရသည်။

ပုံစာ- ယခင်က သိမ်းဆည်းရမိသည့် စစ်ကောင်စီ လေယာဉ်ပေါ်က ချပေးသည့် ပစ္စည်းများ။ (ပုံဟောင်းသာ)

ဆက်စပ် သတင်းများ