တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဂွမြို့ ဂန့်ဂေါ်တောင်တွင် ဗိုလ်ကြီးတစ်ဦး ဒရုန်းဗုံးထိမှန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 233

မင်းသျှင်စော နိရဉ္စရာ ၊စက်တင်ဘာ၂၁/၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့နယ်၊ မြောက်ဘက် ဂန့်ဂေါ်တောင်ရွာတွင် တပ်စွဲနေသော စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် (AA)က ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်မှ  ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကြောင်းမှူးတစ်ဦး သေဆုံးသွားသည်ဟု သတင်းရရှိသည်။ 

သေဆုံးသွားသည့် စစ်ကောင်စီ ဗိုလ်ကြီးသည်  ဂွမြို့အခြေစိုက် ခမရ ၅၆၃ မှ ဗိုလ်ကြီး တစ်ဦး ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၂၀ နေ့ နံနက် ၅နာရီ ဝန်ကျင်ခန့်တွင် ဂန့်ဂေါ်တောင်ရွာတွင် တပ်စွဲထားသည့် စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့သဖြင့် အနီးအနားရှီ ဆပ်သွားတိုက်နယ်ဆေးရုံသို့ ယူဆောင်လာစဉ် လမ်းခုလတ်တွင် သေဆုံးသွားသည်ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

" စက်တင်ဘာ ၂၀ နေ့ မနက်စောစော ကသူကို ဒဏ်ရာနဲ့ယူခဲ့တယ်။ ဒဏ်ရာတွေက ညာဖက်ဒူး၊ ဘယ်ဖက်ပေါင်နဲ့  ဉီးခေါင်းနောက်စေ့မှာရတယ်။ ဒဏ်ရာက တအား ပြင်းတယ်လို့ သိရပါတယ်။ ဆေးရုံကို ယူလာတဲ့အခါ မနက်အစောကတည်းက လမ်းမှာ သေခဲ့ပုံရတယ်။ သူ့ကိုဆပ်သွားသုဿန်မှာ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီလောက်မှာ မြေမြှုပ် သဂြိုလ်လိုက်တယ်ပါတယ်"ဟု ၄င်းကပြောကြားသည်။

 ဒေသခံတစ်ဦးကလည်း ဆပ်သွားသချိုင်္င်းတွင် စစ်တပ်အရာရှိတစ်ဦးအား မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်ဟု အတည်ပြုပြောကြားသည်။

“ ကျွန်တော်တို့ ဆပ်သွား သချိုင်္င်းမှာ စစ်သားတစ်ဦး သင်္ဂြိုလ်တယ်ကြားလို့  သွားသင်္ဂြိုလ်တဲ့ ပြည်သူ့စစ်တွေကို မေးတော့ အလောင်းမှာ ယူနီဖောင်း ဝတ်မထားတော့ ဘယ်တပ်ကမှန်း မသိဘူးလို့ ပြောတယ်။ နောက်ကင်းစောင့်နေတဲ့ စစ်သားတစ်ဦးကို မေးကြည့်တော့ ဓနုဖြူ အခြေစိုက် ခမရ ၁၀၈ ကလိုလို  ပြောပါတယ်။ အေအေက ဒရုန်းနဲ့တိုက်တာ ဘယ်ခြေထောက်ထိပြီး ဒီကိုရောက်တော့ သွေးထွန်လွန်လို့ သေသွားတာလို့ပြောပါတယ်” ဟု ပြောဆိုသည်။

သေဆုံးသွားသူ ဗိုလ်ကြီးအမည်နှင့် တပ်ရင်းနံပတ်အား လောလောဆယ် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ဂွမြို့နယ် မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ဂန့်ဂေါ်တောင်ရွာတွင် တပ်စွဲထားသည့် တပ်မှာ ဂွမြို့ အခြေစိုက် ၅၆၃ တပ်ရင်းမှ စစ်ကြောင်းဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများလည်း မကြာခဏ ဖြစ်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် အေအေဖြစ်ပွားသည့် တိုက်ပွဲတွင် အကျအဆုံးများနေသဖြင့်  ဂွမြို့နယ်တွင် အသွားအလာများကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသလို  အပြစ်မဲ့ကျေးရွာသားများကို လူသားဒိုင်းကာအဖြစ် အသုံးပြုကာ သူတို့ စစ်ဆေးရေး ဂိတ်များတွင် နေ့ကင်းစောင့်ခိုင်းခြင်းများကို အတင်းအကျပ်ပြုလုပ်နေသည်ဟု သိရသည်။(ပုံဟောင်းသာ)

ဆက်စပ် သတင်းများ