Preview

AA အပါအဝင် အတိုက်အခံ အင်အားစုများကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယဖိတ်ခေါ်

စက်တင်ဘာ ၂၄/ ၂၀၂၄ | ကြည့်ရှုသူ :7476
ရခိုင် သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၄/၂၀၂၄

အာရက္ခတပ်တော် (AA) အပါအဝင် မြန်မာစစ်အစိုးရအားဆန့်ကျင်နေသည့်အတိုက်အခံ အင်အားစုများကို ဖက်ဒရယ်ဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်ရန် အိန္ဒိယက မကြုံစဖူးဖိတ်ခေါ်လိုက်ကြောင်း ရိုက်တာသတင်းကို ကိုးကားပြီးBDnews24ကသတင်းဖော်ပြသည်။

ဖိတ်ကြားထားသည့် အဖွဲ့များတွင် အိန္ဒိယနိုင်ငံ နှင့်နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်း၊ ရခိုင်နှင့် ကချင် ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုး၇(NUG)တို့ပါဝင်သည်ဟုဆိုသည်။

လက်နက်ကိုင်အဖွဲ့များတွင် အိန္ဒိယနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်ရှိ အရေးပါသောနယ်မြေများကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA)နှင့်မြန်မာ၏ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့်ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ပါဝင်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆိုသည်။

အဆိုပါတွေ့ဆုံနှီးနှောဖလှယ် ပွဲကို အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့် ကျင်းပမည်ဖြစ်ပြီးအိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar ပါဝင်သည့်အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ(ICWA) ကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲကို အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့၌နိုဝင်ဘာလလယ်တွင်ကျင်းပမည်ဖြစ်သည်ဟု သိ၇သည်။

ဆွေးနွေးပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်းဖိတ်ကြားမှုအား ကိုယ်တိုင်သိရှိထားသည့်လက်နက်ကိုင်အဖွဲ့တစ်ခုမှ ခေါင်းဆောင် တစ်ဦးနှင့်အခြားသတင်းအရင်းအမြစ်နှစ်ခုတို့ကို ကိုးကားပြီး သတင်းတွင်ဖော်ပြထားသည်။

ယခု ဖိတ်ကြားမှုသည် အနောက်နိုင်ငံများကဖယ်ကြဥ်ခြင်းခံထားရသည့် ထိပ်တန်းဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကိုထိန်းသိမ်းထားသည့် တောင်အာရှ၏အင်အား ကြီး(အိန္ဒိယ) နိုင်ငံ၏ သိသာထင်ရှားသည့်ထူးခြားသောလုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြော ဆိုသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်များဖြစ်ပွားလျက်ရှိနေပြီး ၊ မြန်မာနိုင်ငံနှင့် နယ်နမိတ် ကီလိုမီတာ ၁၆၅၀ (၁၀၂၅မိုင်)ထိစပ်နေသည့် အိန္ဒိယ နိုင်ငံသည် ယခုအခါ ၎င်း၏အဓိကအခြေခံအဆောက်အဦးစီမံကိန်းအချို့ကို မတည်မငြိမ်ဖြစ်စေသည့်အန္တရာယ်များနှင့်ရင်ဆိုင်နေ၇သည်။

အဆိုပါကိစ္စရပ်အားလျှို့ဝှက်ထားသောကြောင့် အသေးစိတ်ထုတ်ဖော်မပြောလိုကြောင်း အမည်မဖော်လိုသည့်အခြားသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင်"ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်နှင့် ဖက်ဒရယ်စနစ်” ဟူသော ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း အဆိုပါပွဲသို့ မြန်မာ့စစ်အစိုးရအားဖိတ်ကြားထားခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကိုလည်းမသိရှိရသေးကြောင်းအဆိုပါသတင်းရင်းမြစ်များကပြောဆိုသည်။

ဆွေးနွေးပွဲဖိတ်ကြားမှုနှင့်ပတ်သက်ပြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF)၏ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးရွှေခါးက “ ကျွန်တော်တို့ကိုယ်စားလှယ်တွေကို ဆွေးနွေးပွဲကိုတက်ဖို့အတွက် စေ လွှတ်သွားမှာဖြစ်ပါတယ်"လို့ ပြောဆိုပါတယ်။

" နိုင်ငံတော်(အစိုးရ)မဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အိန္ဒိယက တရားဝင်ထိတွေ့ ဆက်ဆံတာ ဒါပထမဆုံး အကြိမ်လို့ကျနော်ထင်ပါတယ်။ ဒါက ကောင်းမွန်တဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတစ်ခုပါ ပဲ”ဟု၄င်းကဆက်လက်ပြောဆိုသည်။

အဆိုပါဖိတ်ကြားမှုအပေါ်မှတ်ချက်တောင်းခံရာတွင် မြန်မာစစ်တပ် မှ ပြောရေးဆိုခွင့်ရှိသူကတယ်လီဖုန်းခေါ်ဆိုမှုကိုပြန်လည် ဖြေကြားခြင်းမရှိပေ။

ထို့အပြင် အိန္ဒိယအစိုးရနှင့်အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ( ICWA) တို့သည်လည်း မှတ်ချက်ပေးရန် တောင်းဆိုထားမှုများအပေါ် ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။NUG ၏ပြောရေးဆိုခွင့်ရှိသူက လည်း အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။ ရခိုင်တပ်တော်(AA)နှင့်ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကလည်းမှတ်ချက်ပေးရန် တောင်းဆိုခဲ့မှုများအပေါ်တွင် ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။ Ref: BDnews24

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.