တနင်္ဂနွေ၊ စက်တင်ဘာလ ၂၉ရက်၊ ၂၀၂၄

ရှေ့တန်းပို့ခံရသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင် ၅ ဦးထွက်ပြေးရာမှ တစ်ဦးရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.2k

မင်းသျှင်စော၊ နိရဉ္စရာ ၊စက်တင်ဘာ ၂၄ ၊ ၂၀၂၄

ရှေ့တန်းပို့ခံရသည့် အမ်းမြို့၊ စစ်အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင် ၅ ဦးသည် ထွက်ပြေးရာ တစ်ဦး ရေနစ်သေပြီး  ကျန်လေးယောက်ကို စစ်ကောင်စီတပ်က ပြန်ဖမ်းသွားသည်ဟု သတင်းရရှိသည်။

ဒေသခံများက မိုင်းထောင်သည့်တပ်ဟု သိထားသည့် စစ်အင်ဂျင်နီယာတပ်မှ တပ်ဖွဲ့ဝင် ၅ ဦးသည် မဲတောင် ရှေ့တန်း ကာကင်းစခန်းမှ ထွက်ပြေးပြီးနောက် စက်တင်ဘာ ၂၂ ရက်ညနေ ၆ နာရီ ကျော်ခန့်တွင် စက်လှေ တစ်စီးဖြင့် ချောင်းကူး ထွက်ပြေးရာ စက်လှေ မမောင်းတတ်သဖြင့် ရေစီးသန်သည့် အမ်းချောင်းအတွင်း  စက်လှေ နစ်မြုပ်သွားခဲ့သည်ဟု ဒေသခံမျက်မြင်များက ပြောကြားသည်။

"သူတို့ တပ်က ထွက်ပြေးပြီး ပုန်းနေတာ ၂ ရက်လောက်ရှိနေပြီ။ တပ်ကလည်း လိုက်ရှာနေတယ် ။ အဲဒီနေ့က ည ၆ နာရီကျော်လောက်မှာ အမ်းချောင်းကို စက်လှေနဲ့ ခိုးကူးရာမှာ အခုလို စက်လှေ မမောင်းတတ်လို့ စက်လှေမှောက်သွားတာပါ။ တစ်ယောက်တို့ရေနစ်သေတယ်။ အလောင်းကို အခုထိရှာမရဘူး။ ကျန်းလေးယောက်ကို တော့ စစ်အင်ဂျင်နီယာတပ်က ပြန်ဖမ်းသွားတယ်။ လက်နက်တွေ၊ အီကွေးမန့်တွေ အစုံပါတယ်လို့ သိရပါတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်အား ကာကွယ်ရန် ရှေ့တန်းကာကင်းစခန်းများသို့ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအားလည်း ပို့ဆောင်ရာတွင် စစ်အင်ဂျင်နီယာတပ်သားများမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍  ထွက်ပြေးကြရာမှ ယခုလို တပ်သား တစ်ဦး သေဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် စစ်ကောင်စီတပ်၏  စစ်ထောက်ဆိုင်ရာ ရည်မှန်းချက်တာဝန်များကို ပံ့ပိုး ကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုဖြစ်ပြီး ရခိုင်ပြည်တွင်မူ မိုင်းထောင်ခြင်း လုပ်ငန်းကို အဓိက လုပ်ဆောင်သည်ဟု သိရသည်။

အမ်းမြို့ ရှိ စစ်ကောင်စီတပ်များမှ စစ်ကောင်စီတပ်သားများသည် အချင်းချင်းတပ်တွင်း ပြသနာ ဖြစ်ပွားမူကြောင့် ထွက်ပြေးမှုများရှိနေပြီး စက်တင်ဘာပထမအပတ်တွင်းကလည်း ထွက်ပြေးသွားသည့် စစ်သား ၂ ဦးကို ဓာတ်ပေါင်းစုဘုရား စစ်ဘေးရှောင်စခန်းမှ ပြန်လည် ဖမ်းယူသွားသည်ဟု သိရသည်။

တချို့တပ်ဖွဲ့ဝင်များမှာလည်း အာရက္ခတပ်တော်ဆီ လက်နက်ချ အလင်းဝင်သူလည်းရှိနေသည်ဟု ဒေသခံများထံမှသိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!