နောင်မင်းသူနိရဉ္စရာ၊စက်တင်ဘာ ၂၈/၂၀၂၄
၇ခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့မှ တစ်ခုတည်းသောနောက်ဆုံး လက်ကျန်စခန်း နယ်ခြားစောင့်တပ်ခွဲ နခခ (၅) ဌာနချုပ်အား အာရက္ခတပ်တော် ( AA) မှ အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီမှလည်း ဂျက်တိုက်လေယာဉ် ၄ စီးထိ အသုံးပြုကာ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သည်ဟုသိ၇သည်။
အာရက္ခတပ်တော်AAမှစက်တင်ဘာလ ၂၇ ရက် ညအချိန်မှစပြီးမနက်ပိုင်းအထိ အပြတ်အသတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ စက်တင်ဘာ ၂၈ ရက် နံနက်၈ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်လေယာဉ် ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုအနီးအနားရှိ ရွာသာယာ ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
"မနေ့ ညနေကနေ တစ်ညလုံးမိုးလင်းတဲ့အထိ တိုက်ပွဲကအပြင်းအထန်ဖြစ်ခဲ့ကြတာ။ နခခ(၅)ကိုAA က အပြတ်အသတ် တိုက်ခိုက်တာလို့သိရတယ်။ လက်နက်ကြီးသံလက်နက်ငယ်သံတွေဆူညံစွာ ကြားနေခဲ့ရတယ်။ ကျွန်တော်တို့ ရွာသားတွေတစ်ညလုံးမအိပ်လိုက်၇ဘူး။ တိုက်ပွဲက တော်တော် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတယ်။ "
ယခုတိုက်ပွဲသည် အာရက္ခတပ်တော်မှ မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေ သည့် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန် အဟုန်မြှင့်တင်သွားမည်ဟု AA က စက်တင်ဘာ ၂၇ ရက်ထုတ်ပြန်သည့်နေ့တွင်ပင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။
" အေအေက သတင်းထုတ်ပြန်ပြီးနခခ(၅) ကိုတစ်ညလုံး ထိုးစစ်ဆင်တိုက်ခိုက်တာ စခန်းအခြေအနေ မလှတော့ ဘူးပါထင်တယ်။ စစ်တပ်က အထိနာ ကျဆုံးမူများလာတာကြောင့် ဒီနေ့ မနက် ၈နာရီ ကျော်လောက်မှ ာဂျက်တိုက်လေယာဉ်တွေတစ်စီးပြီး တစ်စီးဆက်တိုက်လာကြတာ။ ၄စီးလာပြီး ဗုံးလာချတာတွေ့၇တယ်။ တော်တော်လေး ပြင်းထန်တယ်။ မြေကြီးတွေလည်း တုန်လှုပ် သွားတယ်။ နခခ(၅)ဝန်းကျင်နဲ့မြို့ပေါ်ကိုပါဗုံးချတယ်လို့တော့ သိရတယ်။ အထိအခိုက်တွေကတော့ မသိ၇သေးပါ။"ဟုဒေသခံတစ်ဦးကပြောဆိုသည်။
စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနခခ(၅)အားအာရက္ခတပ်တော် AAမှ ဝိုင်းရံပတ်ဆို့ထားပြီး လက်နက်ချအလံဖြူထောင်ရန်ညွန်ကြားထားခဲ့သည်။
ထိုသို့လက်နက်ချအလံဖြူထောင်ရန်ညွန်ကြားထားခဲ့သော်လည်း လက်နက်ချ အလံဖြူထောင်လာခြင်း မရှိသည့် အတွက်AAဖက်မှနခခ(၅) တပ်ရင်းအားအပြီး သတ်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ၎င်းစခန်း မကျစေရန် ဂျက်တိုက် လေယာဉ်အများဆုံးအသုံးပြုပြီးခုခံကာကွယ် နေခြင်းဖြစ်သည်။
အာရက္ခတပ်တော်၏ စက်တင်ဘာ၂၇ ရက်နေ့ ထုတ်ပြန်ချက်အထဲတွင် မောင်တောမြို့အားအလုံးစုံသိမ်းပိုက်ရရှိရန်အတွက် မောင်တောမြို့အတွင်း၌ ကစဉ့်ကလျားထွက်ပြေးပြီးတိုက်တာ အဆောက်အအုံ၊လူနေအိမ်အချို့၌အယောက်ကျထွက်ပြေးပုန်းခိုလွတ်မြောက်နေသေးသော ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ ၎င်းတို့သင်တန်းပေးထားသော မူဆလင်အကြမ်းဖက် အချို့ နှင့် ARSA၊RSO၊ ARA အစရှိသောမူဆလင်အကြမ်း ဖက်လက်နက်ကိုင်များအားလိုက်လံရှင်းလင်းလျက်ရှိသည်။
တစ်ပြိုင်နက်တည်းတွင်မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅)စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကိုဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဓါတ်ပုံ- အင်တာနက်