နောင်မင်းသူ၊နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၄
အာရက္ခတပ်တော်(AA) ကတိုက်ခိုက်နေသည့် မောင်တော နခခ (၅) တိုက်ပွဲမှာ အပြင်းထန်ဆုံး အဆင့်သို့ ရောက်ရှိနေပြီးစစ်ကောင်စီက လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။
ယနေ့စက်တင်ဘာလ ၃၀ ရက်၊ မွန်းတည့် ၁၂ နာရီ မှစပြီး စစ်ကောင်စီက မောင်တောမြို့ နေရာအနှံ့အပြားအား Y-12 ဗုံးကြဲလေယာဉ်ဖြင့်ဆက်လက်ဗုံးကြဲ တိုက်ခိုက် လျက်ရှိနေကြောင်း သိရသည်။
မျက်မြင်ဒေသခံတစ်ဦးက "ဗုံးသီးတွေကျပြီးပေါက်ကွဲသံတွေကြားနေ၇တယ်။ နခခ(၅)နဲ့ ၃ မိုင်ကြား၊ မြို့တွင်းဖက်တွေကိုအဓိကထားဗုံး
၎င်းပြင် နခခ (၅) တပ်ထဲမှ စစ်ကောင်စီတပ်သားများလည်း လက်နက်များဖြင့်ထွက်ပြေးမှုများရှိနေ၍ AA က လိုက်လံရှင်းလင်း ချေမှုန်းနေရသည်ဟု AAနှင့် နီးစပ်သည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၉ နာရီမှ၁၀ နာရီအတွင်းကလည်း စစ်ကောင်စီက Y-12 ဗုံးကြဲလေယာဉ်တစ်စီးဖြင့် နခခ(၅) ပတ်ဝန်းကျင်နှင့်မြို့တွင်းဖြစ်သည့် မြို့မကညင်တန်း၊အမှတ်(၂)ရပ်ကွက်နာရီစင်နှင့် ဗလီကြီးအနီးစသည့် နေရာများအား ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့
ယင်းဗုံးကြဲတိုက်ခိုက်မှု
စစ်ရေးလေ့လာသူတစ်ဦးက "နခခ(၅)မကျမီ မောင်တောမြို့ပြာကျမဲ့အနေအထားမှာ ရှိနေတယ်။နယ်စပ်ဆိုတော့ စစ်ကောင်စီကအရှက်ရပြီး လက်လွှတ်မပေးချင်တဲ့ သဘောတ ွေ့
မောင်တောမြို့နောက်ဆုံး လက်ကျန် နခခ (၅) အားအာရက္ခတပ်တော်(AA) အနီးကပ် မြေပြင် ထိုးစစ်ဆင်နွှဲနေရာ တိုက်ပွဲ အပြင်းထန်ဆုံးအနေအထားသို့ ရောက်ရှိနေပြီး ယနေ့ နံနက်ပိုင်းက စပြီး နခခ (၅) မှ အမြောက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သံများ ကို မကြားရတော့ဘဲ လေယာဉ်ဖြင့် ဗုံးချသံများကိုသာ ကြားနေ၇သည်ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီဘက်ကလည်းဂျက်တိုက်လေယာဉ်၊ Y-12ဗုံးကြဲလေယာဉ်များဖြင့်ဗုံးကြဲတိုက်ခိုက်နေရာတွင် တိုက်ပွဲဖြစ်သည့် နေရာ အနီးတဝိုက်ကိုသာမက မောင်တောမြို့ထဲကိုလည်း ဗုံးကြဲတိုက်ခိုက်နေသည်ဟုသိ၇သည်။