သဉ္ဇာနွယ်၊နိရဉ္စရာ၊ အောက်တိုဘာ ၁/၂၀၂၄
ရခိုင်ပြည်၊တောင်ကုတ်မြို့၊ မြို့မရဲစခန်းမှAA နှင့် ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံထား၇သူ ၃ဦးကို ယမန်နေ့က စစ်တပ်က ကြိုးတုပ်ပြီး ထပ်မံခေါ် ဆောင်သွားသည်ဟု သတင်းရရှိသည်။
၎င်းတို့ ၃ ဦးမှာ တောင်ကုတ်မြို့မတိုက်နယ်မှဦး ကျောက်ဖြူ၊ ကန်ပိုင်ရပ်ကွက်မှ ဦးကြာနီအောင်နှင့် ဦးထွန်းကြွယ်ဖြစ်ကြသည်ဟု သိ၇သည်။
တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦး
၎င်းတို့ ၃ ဦးသည် တောင်ကုတ်မြို့မ ရဲစခန်းတွင် အာရက္ခတပ်တော် (AA)သံသယဖြင့် ဖမ်းဆီး ခံထားရသူများ ဖြစ်ကြပြီး အမှုရင်ဆိုင်နေကြ၇သူများဖြစ်ကြောင်း ၎င်းကပြောသည်။
တောင်ကုတ်အချုပ်ခန်းထဲမှ ခေါ်ဆောင်ခံ၇သူ ၄ ဦးရှိနေပြီး ၎င်းတို့ကိုမည်သည့်အတွက်ကြောင့် ခေါ်ဆောင်သည်ကို မသိရှိ၇သေးဟု မိသားစုများက ပြောသည်။
သူတို့နှင့် နီးစပ်သည့် တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးက " စစ်တပ်ထဲအခေါ်ခံ၇တာ ၄ ယောက် ရှိပြီ။ သူတို့ကိုတစ်နေရာတည်းမှာ ထားတာမဟုတ်ဘူးလို့ဒီနေ့သိရတယ်။ ခွဲပြီးထားထားတာ။ တစ်ယောက်နဲ့တစ်ယောက်ကို ခွဲပြီး စစ်ဆေးနေတယ်လို့ကြား၇တယ်" ဟုပြောသည်။
ယမန်နေ့ စက်တင်ဘာ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်ကလည်း တောင်ကုတ်မြို့မရဲစခန်းတွင် ချုပ်နှောင် ခံထားရသည့် ကိုကျော်ဝင်းချေကို စစ်တပ်က အရေးပေါ်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည်။
တောင်ကုတ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီးနောက် အခုလိုAAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများကို စစ်တပ်က ရဲစခန်းအချုပ်ကနေစစ်တပ်သို့ ခေါ်ယူသွားခြင်း ဖြစ်ကြောင်း သိ၇သည်။
တောင်ကုတ်မြို့တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(