ကံ့ကော်နီနီ၊ နိရဉ္စရာ ၊ အောက်တိုဘာ ၃ / ၂၀၂၄
ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်အောက်ဘက်ပင်လယ်ပြင်တွင် စစ်ကောင်စီ နေဗီစစ်တစ်စီးနှင့် အာရက္ခတပ်တော်(AA)တို့အကြား ယမန်နေ့က အပြ
ကျောက်ဖြူအပါအဝင် ရခိုင်ပင်လယ်ပြင်တွင်ဒေသခံရေလုပ်သားများကို စစ်ကောင်စီကငါးဖမ်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ရန်ကုန်၊ ပုသိမ်စသည့် ပြည်မဘက်ကလာသော ငါးဖမ်းသင်္ဘောကြီးများကို နေဗီများက အကာကွယ်ပေးကာ ငါးဖမ်းခွင့်ပြုထားသဖြင့် အဆိုပါ ငါးဖမ်း သင်္ဘောများကို AA ကလက်နက်ကြီးများဖြင့်ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
" စကစက ဒေသခံတွေကိုငါးဖမ်းခွင့်ပိတ်ထားတယ် ပင်လယ်မှာ။ဒေသခံတွေပင်လယ်ထဲ ထွက်ရင်နေဗီတွေနဲ့ ပစ်တာတွေအထိလုပ်တယ်။ သူတို့နဲ့ အဆင်ပြေတဲ့ ရန်ကုန်၊ ပုသိမ်ဘက်က ငါးဖမ်းလှေကြီးတွေကိုကျတော့ နေဗီတွေက အကာအကွယ်ပေးပြီး ဖမ်းခွင့်ပြုထားတယ်။ အဲဒီ ငါးဖမ်းလှေကြီးတွေကို အာရက္ခတပ်တော်ဘက်က ခြောက်လှန့် ပစ်ခတ်တာလို့သိရတယ်။ ပင်လယ်ပြင်မှာရှိနေတဲ့နေဗီကလည်း ပြန်ပစ်တယ် " ဟု ပြောသည်။
၎င်းပစ်ခတ်မှုမှာ ယမန်နေ့အောက်တိုဘာလ ၂ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ၎င်းနောက် စစ်ကောင်စီနေဗီနှင့် ငါးဖမ်းနေသည့်ငါးဖမ်းသင်္ဘောများက အဆိုပါ ပင်လယ်ပြင်မှ ထွက်ခွာသွားခဲ့ကြသည်ဟု သိ၇သည်။
အဆိုပါနေဗီစစ်သင်္ဘောကဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်ရေမိုင် ရှစ်မိုင်ခန့် အကွာကလက်နက်ကြီးပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နောက်ထပ် ကျောက်ဖြူ ဒေသခံတစ်ဦးကပြောသည်။
"ဇင်ချောင်းအောက်ဘက် ပင်လယ်ပြင်ရေမိုင်ရှစ်မိုင်လောက်မှာ နေဗီတစ်စီးရှိတယ်။အဲဒီနေဗီနဲ့ တပ်တော်တို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တဲ့
၇ခိုင်တိုက်ပွဲစတင်သည့်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကပင်ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ အပါအဝင် ရခိုင်ပင်လယ်ပြင်နှင့်မြစ်များတွင် ဒေသခံရေလုပ်ငန်းများကိုပင်လယ်ပြင် ထွက်ငါးဖမ်းခွင့် များ
၎င်းပြင် ပင်လယ်ပြင်တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီနေဗီများသည် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သည့် ရခိုင်မှငါးဖမ်းလှေများအား ပစ်ခတ်ဖမ်းဆီးသည်သာမက ကျေးရွာအနီးရှိ မြစ်အတွင်း တစ်ပိုင်တစ်နိုင် ငါးဖမ်းနေသည့် လှေများကို ပစ်ခတ် ဖမ်းဆီးမှုများ ရှိကြောင်း သိ၇သည်။
ယခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ကျောက်ဖြူမြို့နယ် စစ်တောရွာအောက်တွင်ပိုက်ချနေသည့် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှကိုစောလှမောင် (၂၂)နှစ်၊ သစ်ပုတ်တောင် တိုက်နယ်၊ကြံချိုင်ကျေးရွာမှ ဦးမွေးထွန်း (၃၂) နှစ် နှင့် ဦးမောင်ခင်သန်း (၄၂) နှစ်တို့ကို စစ်ကောင်စီ နေဗီ တစ်စီးက ဖမ်းသွားခဲ့သည်။
AA ကထိန်းချုပ်သိမ်းပိုက်ထားသည့်မြို့
ဓာတ်ပုံ- ၇ခိုင်ဓည၀တီ ရေတပ်စခန်းမှ စစ်ကောင်စီနေဗီတစ်စီးအား တွေ့၇စဥ်။ (ပုံဟောင်း)