Preview

မောင်တောမြို့ပြင်တွင် တိုက်ပွဲဖြစ်ပွားစဉ်က အဖမ်းခံခဲ့ရသည့် ကျောင်းထိုင်ဆရာတော်နှင့် ရဟန်းတစ်ပါးအပါအဝင် ၇ ဦးအထဲမှ ၂ ဦး အလောင်းကိုတွေ့ရှိပြီး နောက်ထပ် ၅ ဦး ပျောက်ဆုံးနေ

အောက်တိုဘာ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :1286
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ အောက်တိုဘာ ၃/၂၀၂၄

၇ခိုင်ပြည်၊မောင်တောမြို့ ပြင်တွင် ၂၀၂၄ ခုနှစ် ဇွန်လ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတုန်းကမောင်တော၄ မိုင် သာယာကုန်းကျေးရွာမှကျောင်းထိုင်ဆရာတော်နှင့် ရဟန်းတစ်ပါး အပါအဝင် ဒေသခံရွာသား ခုနစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး အဆိုပါ ၇ ဦးထဲမှ အသက် ၁၄နှစ်အရွယ်နှင့် အသက် ၇၈ နှစ်အရွယ် လူကြီး တစ်ဦးတို့၏ အလောင်းကို တွေ့ရှိခဲ့ပြီး  ကျန် ၅ ဦးမှာ ယနေ့ထိ ပျောက်ဆုံးနေသည်ဟု ကျေးရွာသားများကပြောသည်။

ပျောက်ဆုံးနေသူ ၅ဦးမှာ သာယာကုန်းကျေးရွာမှကျောင်းထိုင်ဆရာတော် ဦးသုန္ဒရ (ဓမ္မစရိယအောင်)၊ ၇ဟန်းဦးဥာဏဝံသ၊ ဦးထွန်းနုစိန်(၄၂)နှစ်၊ဦးလှထွန်း(၅၀)နှစ်၊ ဦးကျန်အောင်(၆၀)နှစ်တို့ဖြစ်ကြပါတယ်။

အလောင်းတွေ့ရှိသူ ၂ ဦးကတော့ မောင်သန်းရီ(၁၄)နှစ်နဲ့ မကျည်းကုန်းကျေးရွာမှ ထွက်ပြေးလာသူ ဦးချဘူအောင် (၇၈)နှစ်တို့ ဖြစ်ကြောင်း ရွာသားများထံမှ သိ၇သည်။

ထိုအထဲမှ မောင်သန်းရီ (၁၄) နှစ်နှင့် ဦးချဘူအောင် (၇၈) နှစ်တို့၏အလောင်းများကို ရှာတွေ့ခဲ့ပြီး ကျန်သူများမှာ ယနေ့ထိ ပျောက်ဆုံးနေသဖြင့် အသတ်ခံလိုက်ရပြီဟုရွာသားများက ယုံကြည်နေကြသည်။

ဒေသခံတစ်ဦးက "သာယာကုန်းရွာမှာ စစ်တပ်က ရက်စက်စွာပစ်သတ်ခဲ့တဲ့  ၂ ဦးရဲ့ အလောင်းကိုရှာတွေ့ထားတာ ရှိပါတယ်။ ရွာဆရာတော် အပါအဝင် ကျန်တဲ့ ၅ဦးကိုလည်း သတ်ဖြတ်လိုက်ပြီလို့ ကျွန်တော်တို့ ယုံကြည်ထားတယ်။အသတ်ခံရတဲ့ အထဲမှာမကျည်းကုန်းရွာက ထွက်ပြေးလာတဲ့အသက်(၇၈)နှစ်အရွယ် ဦးချဘူအောင်ပါဝင်တယ်။ သူက မကျည်းကုန်းရွာကပါ။ ရွာထဲမှာသေဆုံးနေတဲ့ ရုပ်အလောင်းတွေ့တာက ဦးချဘူအောင်နဲ့ မောင်သန်းရီတို့ အလောင်းတွေပါ။ သူတို့ကရွာနီးချင်းတွေပါ"ဟု ပြောဆိုသည်။

ပြီးခဲ့သည့်ဇွန်လ ၉ ရက်တွင် ၄ မိုင်သာယာကုန်းရွာထဲ၌ ပုပ်ပွနေသည့် ဦးချဘူအောင်နှင့် ၆ တန်းကျောင်းသားမောင်သန်းရီတို့နှစ်ဦး၏ ရုပ်အလောင်းနှစ်ခုအားရွာသားများက ရှာဖွေတွေ့ရှိခဲ့ကြသည်။

ကျောင်းထိုင်ဆရာတော်နှင့်ရဟန်းတစ်ပါးအပါအဝင် ကျန် လူ ငါးဦးအား ယနေ့အချိန်ထိ ရှာမတွေ့သေးဟု ဆိုသည်။

ဇွန်လအတွင်းသာယာကုန်းရွာအနီးတိုက်ပွဲများပြင်းထန်ခဲ့စဥ် သူတို့သည် ရွာထဲမှ ထွက်မပြေးဘဲ ရွာတွင် ကျန်နေခဲ့ကြသူများဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ရွာသားများက ပြောကြသည်။

လက်ရှိတွင်ရွာသားများသည် နေရပ်သို့ပြန်လည်ဝင်ရောက်နေထိုင်ကြပြီဖြစ်ပြီးအသတ်ခံလိုက်ရသူများကို လိုက်လံရှာဖွေကြသော်လည်း ယခုထိ လုံး၀ရှာမတွေ့တော့ဟုပြောသည်။

မောင်တော၄ မိုင် နခခ(၂)တပ်ရင်း-မကျည်းကုန်း-သာယာကုန်း-ငွေတောင်-ရွှေတောင် ကျေးရွာများမှာတစ်ဆက်တည်းတည်ရှိနေသည့် ကျေးလက်ကျေးရွာများလည်းဖြစ်သည်။

ထိုကျေးရွာများသို့ဇွန်လ ၁ ရက်၌ မောင်တောမြို့ ၄ မိုင်ရှိနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၂)မှ အင်အား ၁၀၀ခန့်ရှိစစ်ကောင်စီ စစ်ကြောင်းတစ်ခု မကျည်းကုန်းကျေးရွာသို့စတင် ဝင်ရောက်လာခဲ့သည့်အတွက်ရွာသူရွာသားအချို့ထွက်ပြေးခဲ့ကြရသည်ဟု သိ၇သည်။

ဇွန်လ၂ ရက်၊ နေ့လယ် နှစ်နာရီကျော်တွင် စစ်ကောင်စီ စစ်ကြောင်းမှာ သာယာကုန်းကျေးရွာသို့ ဆက်လက်ဝင်ရောက်လာ၍သာယာကုန်းကျေးရွာမှ ရွာသူ၊ ရွာသားများလည်း ထွက်ပြေးခဲ့ကြရသည်။

သာယာကုန်းဒေသရွာခံသားတစ်ဦးက"ကျွန်တော်တို့ထွက်ပြေးချိန်မှာ ဘုန်းကြီးကျောင်းနားကို သွားပြီးဆရာတော်ကိုခေါ်ခဲ့ကြတယ်။ ဆရာတော်က ဘာမှမဖြစ်ဘူး။ သူမပြေးဘူးလို့ ပြောတယ်။ခေါ်လို့မရခဲ့ကြပါဘူး"ဟု ပြောဆိုသည်။

သာယာကုန်းကျေးရွာ၌အိမ်ခြေ ၇၀ ခန့်နှင့် လူဦးရေ ၃၅၀ခန့်ရှိပြီး မကျည်းကုန်းကျေးရွာ၌ အိမ်ခြေ ၁၇၀ ကျော်နှင့် လူဦးရေ ၁၀၀၀ကျော်နေထိုင်သည့်ကျေးရွာများဖြစ်ကြသည်။

သာယာကုန်းကျေးရွာတွင် ရခိုင်လူမျိုးများနေထိုင်ပြီးမကျည်းကုန်းရွာတွင် ရခိုင်နှင့် ၇ခိုင်မျိုးနွယ်စုဝင်သက်လူမျိုးများနေထိုင်ကြသည်။

ပုံစာ- ၄ မိုင် ကျေးရွာအုပ်စု သာယာကုန်းကျေးရွာမူလတန်းကျောင်းအား တွေ့၇စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.