Preview

မောင်တော ကိုင်းကြီးမြိုရွာမှ ပျောက်ဆုံးနေသည့် သားဖ ၄ ဦးအား ရှာဖွေစဉ် အာဆာစခန်းတစ်ခုကိုတွေ့ရှိ

အောက်တိုဘာ ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :2975
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၄

ရခိုင်ပြည်၊မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးမြိုရွာမှ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်အရွယ် လူငယမ သုံးဦး အပါအဝင် သားဖလေးဦးအားအာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက မေယုတောင်ကြောထဲ၌ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြရာ အာဆာ (ARSA) စခန်းတစ်ခုတွေ့ရှိပြီးမီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိ၇သည်။

အောက်တိုဘာလ၄ ရက်တွင် မေယုတောင်တန်းထဲ၌ ရှာဖွေတွေ့ရှိခဲ့သည့်အာဆာစခန်းမှာ တာပေါ်လင်အမဲရောင်နှင့်အစိမ်းရောင်နှစ်ထပ် မိုးထားပြီး လူနေထိုင်သည့် အိပ်စင်များ ပါရှိသည်ဟုသိရသည်။

ကိုင်းကြီး(မြို)ကျေးရွာဒေသခံတစ်ဦးက"မနေ့က အေအေတပ်တော်က စစ်ကြောင်းထိုး ရှာဖွေတာအကြမ်းဖက်အာဆာအဖွဲ့တွေနေထိုင်တဲ့ စခန်းတစ်ခုကိုတွေ့ရှိပြီးမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရတယ်။ လူတွေကိုတော့ ရှာမတွေ့ခဲ့ကြပါဘူး"ဟုပြောကြားသည်။

ပျောက်ဆုံးနေသူများမှာဦးဆိုင်ဝင်း (၄၅)နှစ်၊ သားများဖြစ်ကြသည့် မောင်လင်ကြီး(၁၅)နှစ်၊ မောင်အာမွန်း(၁၂)နှစ်နှင့်ဦးဆိုင်ဝင်း၏ အစ်ကိုသား မောင်ဒီကော်(၁၄)နှစ်တို့ဖြစ်ကြသည်။

သူတို့သည်စက်တင်ဘာ ၃၀ ရက်၊ နံနက် ၈ နာရီ၌ မေယုတောင်တန်းရှိ လက်ဝဲချောင်းသို့ ငါးရှာသွားကြရာမှရွာပြန်မရောက်လာဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။



စတင်ပျောက်ဆုံးခဲ့ချိန်တွင်ရွာသားများစုပေါင်းရှာဖွေသော်လည်း ရှာမတွေ့၍ AA  အားတ ိုင်တန်းအကူအညီတောင်းပြီးAA တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ ရက်၊ နံနက်မှစတင်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ယနေ့အောက်တိုဘာ ၅ ရက်တွင်လည်းဆက်လက်ရှာဖွေလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လူပျောက်ရှာစဥ်AA ကတွေ့ရှိခဲ့သည့် အာဆာ စခန်း၏ထွက်လမ်းမှာ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်၊ စိမ်းညှင်းပြား၊ သရက်တောင် မွတ်ဆလင်ကျေးများဖက်သို့ ဆင်းလမ်း တွေ့ရှိခဲ့ကြောင်းလိုက်ရှာခဲ့ကြသည့် ကျေးရွာသားများက ပြောဆိုသည်။

"စခန်းနဲ့ တစ်မိုင်အကျော်လောက်မှာဘူးသီးတောင်ဖက်က မွတ်ဆလင်ကျေးရွာတွေကို သွားလာနိုင်တဲ့တောလမ်းကြောင်းတစ်ခုတွေ့ရှိခဲ့ကြရတယ်"ဟု ပြောဆိုသည်။

မောင်တောမြောက်ပိုင်းသွားလမ်းများ၌ARSA၊ RSO အဖွဲ့များ၏ ခြုံခိုတိုက်ခိုက်မှုများ ရှိနေသလို ဘူးသီးတောင်-မောင်တောတောင်ကျော်လမ်းဖြစ်သည့် ဥဒေါင်း- ညောင်ချောင်း ကျော်လမ်း၌လည်း အာဆာအဖွဲ့က ခြုံခိုတိုက်ခိုက်မှုများကြိုကြားကြိုကြားပြုလုပ်လျက် ရှိနေကြခဲ့သည်ဟုဒေသခံများက ပြောသည်။

ARSA အဖွဲ့များသည်မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်း၊ ဒကြီးစား၊ မျော့တောင် စသည့်ကျေးရွာများအနီးတောတွင်းနေရာများအပြင် ဘူးသီးတောင်တောင်ပိုင်းဂူတာပြင်၊ စိမ်းညှင်းပြား၊သရက်တောင်မွတ်ဆလင်ကျေးများအနီးရှိမေယုတောင်ကြောများနှင့် မောင်တော-ဘူးသီးတောင်ကြား မေယုတောင်တန်းထဲများ၌ရွေ့လျားစခန်းငယ်များဖြင့် ပုန်းခိုနေကြကြောင်း ဒေသခံမွတ်ဆလင်များက ပြောဆိုသည်။

စက်တင်ဘာ၁ ရက်၊ နံနက် ရ နာရီခန့်၌ AA တပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်နယ်စပ် ၇ခိုင်ပြည်ဘက်အခြမ်းနယ်စပ်မျဉ်းမှတ်တိုင် BP(Border Point) (၁၅)နှင့် (၁၆)အကြားပုံမှန်ကင်းလှည့်မှုပြုလုပ်နေကြစဥ် ကျောက်ချောင်းရွာ ချောင်း၀စခန်းအနီးရှိ တံတားထိပ်သို့အရောက်၌အင်အား ၃၀ ခန့်ရှိသည့် RSO အကြမ်းဖက်အဖွဲ့များကအလစ်အငိုက်ချောင်းမြောင်းပစ်ခတ်သဖြင့် AAတပ်ဖွဲ့ဝင်၄ ဦးကျဆုံးသွားခဲ့ရပြီးတစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း AA ပြောခွင့်ရဦးခိုင်သုခက အတည်ပြုပြောဆိုထားသည်။

ထို့အတူသြဂုတ်လ ရ ရက်က မောင်တောမြောက်ပိုင်းကုတ်ပ္ပီကျော်လမ်း၌ အရပ်သား လေးဦးအား ARSAအဖွဲ့မှ ဖမ်းဆီးခဲ့ရာတစ်ဦးထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျန် သုံးဦးမှာ သတ်ဖြတ်ခံခဲ့ရကြောင်းဒေသခံများထံမှ သိရှိ၇သည်။

ဩဂုတ်၁၂ ရက်နေ့၌လည်း မောင်တောမြို့နယ်တောင်ပိုင်းဥဒေါင်း-ညောင်ချောင်း တောင်ကျော်လမ်းရှိ ရင်ကွဲတောင်စခန်းမှရိက္ခာသွားဝယ်သည့် AA တပ်ဖွဲ့ဝင်နှစ်ဦး အာဆာအဖွဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့်ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရှိ၇သည်။

ပြီးခဲ့သည့်ဇူလိုင်လ ၃၁ ရက်၌လည်း ဘူးသီးတောင်မြို့နယ်၊ကံ့ကော်မြိုင်ကျေးရွာမှ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာသို့ကုန်ပစ္စည်းများလာဝယ်သည့် ကုန်သည်ကားတစ်စီးအား ကျီးကန်းပြင်တောင်ရွာအနီး၌ ARSA လက်နက်ကိုင်အဖွဲ့မှကြားဖြတ်တိုက်ခိုက်ခဲ့၍ ကျောင်းဆရာမတစ်ဦးအပါအဝင်အမျိုးသား လေးဦးသေဆုံးခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

ထိုသို့အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အာဆာ အဖွဲ့အား AA က ပိုက်စိပ်တိုက်လိုက်လံပြီး နယ်မြေရှင်းလင်းကြစဉ် ဩဂုတ်လ ၂ ရက်၊ ညအချိန်၌ ARSA အဖွဲ့များနှင့် နေရာနှစ်ခုတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဆာ အဖွဲ့အများအပြားအား ရှင်းလင်းနိုင်ခဲ့ကာကိုးဦးဖမ်းဆီး၇မိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လူပျောက်ရှာစဥ် ပျောက်ဆုံးနေသူများအနက် သားအကြီး၏ ဦးထုပ်နှင့် ဖခင်ဖြစ်သူ၏ကွမ်းစားသည့် ထုံးဗူးတို့အား တွေ့၇စဉ်။ 

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.