Preview

အမ်းနပခဌာနချုပ်အနီးမှ အရေးပါသောမဲတောင်ဗျူဟာကို AAသိမ်းပိုက်

အောက်တိုဘာ ၀၇/ ၂၀၂၄ | ကြည့်ရှုသူ :8730
ရခိုင် သတင်း

မင်းသျှင်စော၊ နိရဉ္စရာ၊အောက်တိုဘာ ၇/၂၀၂၄

ရခိုင်ပြည်၊အနောက်တိုင်းပိုင်းစစ်ဒေသ(နပခ)အတွက် အရေးပါသည့် မဲတောင်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA)ကသိမ်းပိုက်လိုက်ပြီဟု ခိုင်လုံသည့် စစ်ရေးသတင်းအရ သိရှိ၇သည်။

၎င်းမဲတောင်ဗျုဟာကုန်းသည် အမ်းအခြေစိုက် နပခကို ကာထားသော ဒုတိယမြောက်အကြီးဆုံး ဗျူဟာကုန်းဖြစ်ကြောင်း သိ၇သည်။

" သိမ်းထားလိုက်တာ မှန်ပါတယ်။ အခုကတိုက်ပွဲကငြိမ်သွားပါပြီ၊ တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထွက်ပြေးနေလို့ AAက လိုက်လံရှင်းလင်းနေတယ်။ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းဆည်း ရမိသလို စစ်ကောင်စီ အလောင်းတွေကိုလည်း သိမ်းဆည်းရထားတယ်လို့ သိရပါတယ်”ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဗျူဟာကုန်းအား အောက်တိုဘာ ၁ နေ့ကစပြီး အာရက္ခတပ်တော်(AA)မှအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် (၅) ရက်မြောက် အောက်တိုဘာ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု မဲတောင်ဗျူဟာကုန်းသည်အမ်းရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကာထားသည့်  တောဟိန်းတောင်ဗျူဟာကုန်းပြီးလျှင် ဒုတိယ အရေးကြီးဆုံးဗျူဟာကုန်း တစ်ခုဖြစ်သဖြင့် မဲတောင်ဗျူဟာ မကျရန် စစ်ကောင်စီက လေကြောင်းပစ်ကူ၊ အမ်းအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများ ပစ်ကူများဖြင့်အပြင်းအထန် ကာကွယ်ခဲ့သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောကြားသည်။ 

နောက်ထပ်အမ်းဒေသခံ တစ်ဦးက “အေအေနီးစပ်တဲ့ သတင်းတွေအရ သိမ်းတာတို့သေချာပါတယ်။ အခုကတပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေလို့ နယ်မြေရှင်းလင်းရေး လုပ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် မဲတောင်ဗျုဟာကို လက်လွှတ်ဆုံးရှုံးပြီးနောက် AA ၏ ထိုးစစ် နပခဌာနချုပ် အမ်းကိုမရောက်ရအောင် လေကြောင်းဖြင့် အေအေရှိနိုင်သည်နေရာများနှင့်  ကျေးရွာတချို့ကို ဗုံးကြဲ တိုက်ခိုက်နေသည်ဟု ၎င်းက ပြောဆိုသည်။

“ စစ်ကောင်စီသည်မဲတောင်ဗျုဟာကျဆုံးပြီးနောက် အမ်း နပခကိုထိုးစစ်မဆင်လာနိုင်အောင် လေကြောင်းကနေ ဂျက်ဖိုက်တာနှစ်စီးနဲ့  မဲတောင်ကြောတစ်လျှောက်နဲ့ ဘေးပတ်ဝန်းကျင် နေရာတွေကို ဗုံးကြဲနေပါတယ်။ နပခဌာနချုပ်မှ အတွဲလိုက် ဒုံးကျည်တွေအဆက်မပြတ် ပစ်ခတ်နေတာကိုလည်း ကြားနေ၇ပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် AA ကပစ်ခတ်လိုက်သောလက်နက်ကြီးကျည်သည် အမ်းနပခ အဝင်ဂိတ်နှင့် G-1 နေအိမ်တို့ကိုကျရောက် ပေါက်ကွဲခဲ့၍ အသေအပျောက် အထိအခိုက်ရှိရာမှ AAရှိနိုင်သည်ဟုထင်ရသော နေရာများကို လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များကပြောဆိုသည်။

ယမန်နေ့အောက်တိုဘာ၆ နေ့လည်း မဲတောင် အနီးရှိ ကျေးရွာ ရ ရွာကို ဖယ်ရှား ခိုင်းထားသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.