Preview

မောင်တောတွင် တစ်ခုတည်းသော လက်ကျန်စခန်း နခခ(၅)ကို အပြီးသတ်သိမ်းယူနိုင်ရေး ထိုးဆင်တိုက်ခိုက်နေသလို အကြမ်းဖက် ARSO၊ RSO အဖွဲ့များကိုလည်း တိုက်ခိုက်လျက်ရှိတွင် လက်နက်နှင့်ခဲယမ်းများသိမ်းဆည်းရမိ

အောက်တိုဘာ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :1448
ရခိုင် သတင်း

(မောင်တောမြို့နယ်တွင် ပျောက်ဆုံးနေသောအပြစ်မဲ့အရပ်သား (၄) ဦးအား ရှာဖွေလျက်ရှိ)

 

နိရဉ္စရာ၊ အောက်တိုဘာ ၈/၂၀၂၄

 
မောင်တောမြို့သိမ်းတိုက်ပွဲ၏တစ်ခုတည်းသောစခန်းဖြစ်သည့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ နခခ (၅) စခန်းအားအပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ကြောင်း အာရက္ခပ်တော်ကသတင်းထုတ်ပြန်သည်။

 

၎င်းပြင်တစ်ပြိုင်နက်တည်းတွင် ARSORSO မူဆလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများ၏ မောင်တော၊ ဘူးသီးတောင်ဒေသများ၌ အတင့်ရဲစွာပြုလုပ်လျက်ရှိသောအကြမ်းဖက် လုပ်ငန်းများကို တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြသည်။

 

အောက်တိုဘာ ရရက်နေ့စွဲဖြင့် ကနဦးထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်အထဲတွင်

အာရက္ခပြည်သူ့ လုံခြုံရေး DLEPSတပ်ဖွဲ့ဝင်များ၊အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များနှင့်၊ ဒေသခံပြည်သူများ စုပေါင်း၍ ပျောက်ဆုံးနေသောအပြစ်မဲ့အရပ်သား (၄) ဦးအား ရှာဖွေလျက်ရှိပြီး ARSA , RSO မူဆလင်နက်ကိုင်တပ်ဖွဲ့များအားလိုက်လံရှင်းလင်းလျက်ရှိကြောင်းဖော်ပြထားသည်။

 

 ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (ရ) ရက် အာရက္ခဒေသ၊မောင်တောမြို့နယ်၊ ကိုင်းကြီး မြိုရွာမှ ဦးဆိုင်ဝင်း (၄၅) နှစ်၊ ၎င်း၏သားများဖြစ်ကြသော မောင်လင်ကြီး (၁၅) နှစ်၊ မောင်အာမွန်း (၁၂) နှစ်နှင့် ၎င်း၏ တူဖြစ်သူမောင်ဒီကော် (၁၄) နှစ်တို့သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် မေယုတောင်ခြေရင်း၌ရှိသောလက်ဝဲချောင်း(ဒေသအခေါ်) သို့ ငါးရှာရန်သွားရောက်စဉ်အတွင်း ARSA မူဆလင်အကြမ်းဖက်လက်နက်ကိုင်များမှဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသောကြောင့် ရက္ခပြည်သူ့လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဌာန (Department of Law Enforcement and PublicSecurity- DLEPS) တပ်ဖွဲ့ဝင်များ၊ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများမှ စုပေါင်း၍ ပျောက်ဆုံးနေသောသူများကိုရှာဖွေလျက်ရှိသည်ဟု ဖော်ပြထားသည်။



 

 ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ (၆) ရက်နေ့၊ ညနေ (၃) နာရီ (၄၉) မိနစ်အချိန် တွင် ဘူးသီးတောင်မြို့နယ်၊ရွှေထား(မူဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာ အကွာအဝေး၌ ARSA မူဆလင်အကြမ်းဖက် လက်နက်ကိုင်များ စခန်းချနေထိုင်နေသာ တပ်စခန်းတစ်ခုအား မိမိတို့မှတိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြသည်။  

 

အဆိုပါ ARSA စခန်းအားသိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့်၎င်းတို့ထောင်ထားခဲ့သော စွန့်လွှတ်မိုင်းအချို့တိုကို သိမ်းဆည်း၇မိခဲ့သည်။

 

မိမိတို့အနေဖြင့်လည်း ၎င်းစခန်းမှထွက်ပြေးလွတ်မြောက်နေသော ARSA တပ်ဖွဲ့ဝင်များကိုဆက်လက်၍ လိုက်လံရှင်းလင်းလျက်ရှိသည်။

 

အာရက္ခဒေသ၊ မောင်တောမြို့နယ်အတွင်းနယ်မြေလုံခြုံရေးအတွက် ကင်းလှည့်နေကြသော အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များနှင့် RSOမူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့တို့သည်ယခင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ စခန်းဟောင်းဖြစ်ပြီး လက်ရှိအချိန်တွင်အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားသော "လိပ်၇စခန်း"အနီး၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်၊ နေ့လယ် (၁၂) နာရီ (၅၅) မိနစ် အချိန်တွင်မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

RSO မူဆလင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည်လိပ်၇စခန်းအနီးတွင် စခန်းချနေထိုင်ခဲ့ကြပြီး မိမိတို့နှင့် မိနစ်အနည်းငယ်ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၎င်းတို့ထံမှ - (၁)MA-2 (၁) လက် (၂)G3 (၂) လက် (၃)ကြောပိုးအိတ် (၁၂) လုံး နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်း၇မိခဲ့ကြောင်း  ဖော်ပြထားသည်။

 

 ARSA RSO တို့ကိုင်ဆောင်ထားသောလက်နက်ခဲယမ်းအများစုမှာ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ကပစ စက်ရုံထုတ်လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများဖြစ်ကြသည်ဟု ဆိုသည်

 

ARSA, RSO မူလဆင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များသည်ယခုရက်များအတွင်း အကြမ်းဖက် လုပ်ရပ်များကိုခပ်စိပ်စိပ်ပြုလုပ်လာသောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာသတိအပြည့်ဖြင့်နေထိုင်ကြရန်၊ မသွားမဖြစ်သွားလာရမည့်ခရီးများတွင်လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် သတိပေးတိုက်တွန်းလိုက်ပါသည်ုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



 

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.