(အရာရှိမိသားစုဝင်များ၊ တပ်မိသားစုနှင့် အတူဒဏ်ရာ၇တပ်ဖွဲ့ဝင်များလည်းပါဝင်)
မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ၈၊၂၀၂၄
မဲတောင်ဗျုဟာသိမ်းပိုက်ခံ၇ပြီးနောက် AA ထိုးစစ်နီးကပ်လာသဖြင့် ၇ခိုင်ပြည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း (နပခ) ဌာနချုပ်မှ စစ်ကောင်စီတပ် မိသားစုဝင်များကို ယနေ့ နံနက်က ပြည်မ ဘက်သို့ ကုန်တင်ကားများဖြင့် ရွှေ့ပြောင်းသွားသည်ဟု သတင်းရရှိသည်။
ဒေသခံအမျိုးသားတစ်ဦးက "မနေ့ညနေကတည်းက အရပ်သားပိုင်ကုန်ကားတွေကို အရေးပေါ်ဆိုပြီး ချောဆွဲပါတယ်။ နပခဌာနချုပ်ကို ခေါ်သွားတယ်။ ဒီနေ့နံနက်ရ နာရီမှစပြီး ကုန်ကား ၁၈ စီး၊အိမ်စီးကား ၂ စီး၊ အားလုံး ကားအစီး၂၀နဲ့ ရိုးလမ်းပေါ်ကို တက်သွားပါပြီ။ ကုန်ကားတိုင်းမှာတော့မိန်းမနဲ့ ကလေးတွေများတယ်”ဟု ပြောသည်။
အာရက္ခတပ်တော်(AA)သည် အမ်းမြို့အခြေစိုက် နပခ အပါအဝင် တပ်ရင်း တပ်ဖွဲ့များအားလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေပြီး အဓိက နပခ စစ်ဌာချုပ်အား ကာထားသော မဲတောင်ဗျူဟာကျသွားသဖြင့်လုံခြုံရေး စိုးရိမ်ရရာမှ မိသားစုများအားလုံးကို ပြည်မဘက်သို့ ရွှေ့ပြောင်းသွားခြင်းဖြစ်သည်ဟုစစ်ရေးသတင်းရစ်မြစ်တစ်ခုက ပြောဆိုသည်။
“ သူတို့ (မိသားစုတွေ) ကို ပို့ဆောင်ဖို့ ခေါ်သွားတဲ့ ကားတွေအထဲမှာအရပ်သားပိုင်(၁၂) ဘီးကား ၃စီး၊ (၆)ဘီးကား ၈ စီး၊ (၈) ဘီးကား ၇ စီးနဲ့ အိမ်စီးကား ၂ စီး၊ စုစုပေါင်းကားစီး ၂၀ ဖြစ်ပါတယ်။ မိသားစုများတော့ ကားတွေနဲ့ပို့တာပါ။ အမ်း - ပဒန်း ရိုလမ်းကိုကျော်ပြီး မင်းဖူးနဲ့ မကွေးဖက်ကို ထွက်သွားပါတယ်”ဟု ပြောသည်။
ဒေသခံမျက်မြင်တစ်ဦးကလည်း ယနေ့နံနက်စောက အမ်းကနေ ထွက်ခွာသွားသော ကားတန်းရှည်ကို မြင်တွေ့လိုက်၇သည်ဟု ပြောဆိုသည်။
ယခု ပြောင်းရွှေ့ရာတွင် တပ်မိသားစုများသာမက တပ်ရင်းတပ်ဖွဲ့များ၏ ရုံးနှင့် သက်ဆိုင်သည့်စာရွက်စာတန်းများလည်း ပါဝင်နိုင်သည်ဟု သိ၇သည်။
AAက မဲတောင်ဗျုဟာကို သိမ်းပိုက်ပြီးနောက် နပခဌာနချုပ်နင့် တပ်ရင်း၊တပ်ခွဲများကို AAမှ မလွဲမသွေ ထိုးစစ်ဆင်တိုက်ခိုက်လာမည်ကို သိပြီးနောက် အခုလိုမိသားစုဝင်များကို ပြောင်းရွှေ့ခြင်းဖြစ်သည်။
နပခဌာနချုပ်နင့်AA ၏ထိုးစစ်သည်နီးကပ်နေပြီးAA ၏လက်နက်ကြီးပစ်ခတ်မူကြောင့် နပခဌာနချုပ်မှG1 အိမ်၊ ကြက်ခြံ၊ နပခဌာနချုပ်အဝင်ဂိတ်၊ အမြောက်တပ်၊ ဆေးတပ်တို့မှ အဆောက်အဦ တချို့လည်း ထိမှန်ပျက်စီးသွားမှုရှိသည်ဟု သိ၇သည်။