မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၉ ၊ ၂၀၂၄
ဂွမြို့နယ် မြောက်ဘက် ကုလားပြင်(ခေါ်) ရတနာမြိုင်ကျေးရွာတွင်စခန်းထိုင်ထားသော စစ်ကောင်စီ တပ်သည် ဒဏ်ရာရ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် ဒဏ်ရာ၇သူ၂၀ ခန့်ဖြင့် တပ်နောက်ဆုတ် သွားသည်ဟု သိ၇သည်။
၎င်းစစ်တပ်သည် ကြွေချိုင်ကျေးရွာအထိ ဆုတ်သွားပြီး ဒဏ်ရာသူများကိုဂွမြို့သို့ ကားဖြင့် ယူဆောင်သွားသည်ဟု စစ်ရေးသတင်းမြစ်တစ်ခုအရ သိ၇သည်။
"သူတို့ကကုလားပြင်ကနေဒဏ်ရာတွေနဲ့ တပ်ဆုတ်လာတာ။ တချို့တပ်ဖွဲ့ဝင်တွေလည်း သွေးထွက် လွန်ပြီး သေတယ်လို့ ကြားတယ်။ ဒဏ်ရာ၇သူတွေ အထဲမှာ ဂွအခြေစိုက် ၅၆၃ က ဗိုလ်ကြီးစစ်နိုင်နဲ့ ဗိုလ်ဌေးကြည်တို့ပါဝင်ပြီး ကျန်တာတွေက တပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို မနေ့က နေ့လယ်မှာ ဒယ်ဘုတ်ကနေကားတွေနဲ့ ဂွဆေးရုံကို ယူသွားတယ်လို့ သိ၇ပါတယ်”ဟု ပြောသည်။
ကုလားပြင်ကျေးရွာမှ တပ်ဆုတ်သွားသော စစ်ကြောင်းသည် ကြွေချိုင်နှင့် တိုင်ကြိုးကျေးရွာအနီးရှိ ပုဂံဘုရားတွင် စခန်းချ နေရာယူထားသည်ဟု သိ၇သည်။
“ တော်တော်များများလည်းသေကျန်ရစ်တယ်လို့ ကြားတယ်။ အေအေကို တိုက်မနိုင်လို့ နောက်ဆုတ်သွား၇တယ်လို့ကြားတယ်။ကုလားပြင်ကတော့ အေအေလက်ထဲကို ကျသွားပါပြီ”ဟု ပြောကြားသည်။
အာရက္ခတပ်တော်သည် သံတွဲမြို့အား အပြီးသတ် သိမ်းပိုက်ပြီးနောက်တောင်ဘက်သို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီ လေကြောင်း၊ ရေကြောင်းကပါ ဝိုင်းဝန်း တိုက်ခိုက်သော်လည်း AA ကကျိန္တလီမြို့အားဆက်လက် သိမ်းပိုက်ခဲ့သည်။
ကျိန္တလီမြို့အား သိမ်းပိုက်ပြီးနောက် AA သည် တောင်ဘက်သို့ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရာ ကျောက်ပါးစပ်၊ ဆားချက်၊ ကိုင်းခုံ၊ ကုလားပြင်၊ ဂန့်ဂေါ်တောင်၊ အထက်ဘဝင်နှင့် ဘဲအင်း စသည့် ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး ကျေးရွာများကို တစ်ခုပြီး တစ်ခု ဆက်လက်သိမ်းပိုက်ခဲ့သည်ဟုသိ၇သည်။
ဂွမြို့နယ်တွင်AA နင့်စစ်ကောင်စီတပ်တို့သည်စက်တင်ဘာလ ကနေပြီး အောက်တိုဘာလသို့ တိုက်ပွဲများပြင်းထန်လာပြီးစစ်ကောင်ဖက်မှအကျအဆုံများကာ ယခုလပထမအပတ်အတွင်း ကုလားပြင်စခန်းနှင့် ဂန့်ဂေါ်တောင်တပ်စခန်းကိုလည်းထပ်မံဆုံးရှုံးခဲ့၇သည်။
အာရက္ခတပ်တော်မှ အောက်တိုဘာ ရရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ကုလားပြင်တံတားထိပ်ရှိကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီသည် ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေခုခံနေသည့်ကြားမှ စစ်ရေးအရများ စွာရှုံးနိမ့်နေသည့်အတွက် ကျိန္တလီချောင်းအားဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား ၂၀၂၄အောက်တိုဘာ (ရ) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။
AAအနေဖြင့်လည်းဆုတ်ခွာသွားသည့် ရန်သူများအား လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိဖော်ပြသည်။
ဂွမြို့နယ်တွင်AA ၏ ထိုးစစ်အတွင်း အထိနာနေသည့် စစ်ကောင်စီသည် ယမန်နေ့ ညနေ၄ နာရီခန့်တွင် တိုင်ကျိုးရွာ ပင်လယ်ကမ်းခြေမှ တဆင့် ကမ်းထိုးရေယဉ်၃ စီး ဖြင့် တပ်ဖွဲ့ဝင်အင်အား အများအပြားကို ထပ်မံ ဖြည့်တင်းခဲ့သည်ဟု သိ၇သည်။
၎င်းရေယဉ်ပေါ်တွင် အတွဲလိုက်ပစ်သည့် တင့်ကားတွေလည်း ပါလာသည်ကို မြင်တွေ့၇သည်ဟု ဒေသခံများက ပြောသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)