ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်အမျိုးသမီးတစ်ဦး "၂၀၂၃ ခုနှစ် အမျိုးသမီးစီးပွားရေးထူးချွန်ဆု" ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 4.4k

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၄

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်အမျိုးသမီးတစ်ဦးဖြစ်သူ Cloths "R" Us ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ကျော့စိန်ဌေး (ဒေါ်လီ) သည် "၂၀၂၃ ခုနှစ် အမျိုးသမီးစီးပွားရေးထူးချွန်ဆု" ကိုရရှိခဲ့ကြောင်း သိရသည်။

 

(၂၂)ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ် စီးပွားရေးထူးချွန်ဆုပေးပွဲတွင် "၂၀၂၃ ခုနှစ် အမျိုးသမီး စီးပွားရေးထူးချွန်ဆု" ကို Cloths "R" Us ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဒေါ်ကျော့စိန်ဌေး (ဒေါ်လီ)အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း Textile Today နှင့် The Daily Star သတင်းစာက အောက်တိုဘာ (၁၀)ရက်တွင် သတင်းဖော်ပြသည်။

 

Cloths "R" Us Ltd. မှ မန်နေးဂျင်း ဒါရိုက်တာ ကျော့စိန်ဌေးသည် (၂၂) ကြိမ်မြောက် ဘင်္ဂလားဒေ့ရှ် စီးပွားရေး ထူးချွန် ဆုပေးပွဲတွင် "၂၀၂၃ ခုနှစ် အတွက် စီးပွားရေးထူးချွန်သည့်အမျိုးသမီး" အဖြစ် ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရပြီး သူမသည် စီးပွားရေးနယ်ပယ်တွင် အခက်အခဲများကိုရင်ဆိုင် ကျော်လွှားရာတွင် ခံနိုင်ရည်ရှိမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုများ အတွက် စံနမူနာအဖြစ် အသိအမှတ် ပြုခြင်း ခံရသူဖြစ်သည်။


သူမသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ရှိ ပါတြာဂါတာတွင် မွေးဖွားခဲ့ပြီး ကော့ဘဇား (ဖလောင်းချိတ်မြို့) တွင်ကြီးပြင်းလာသူဖြစ်သည်။

 

၁၉၉၄ ခုနှစ်တွင် သူမ၏ ဖခင် (ဦးရွှီဇားရီ) လေဖြတ်သွားခဲ့ရပြီးနောက် မိသားစုလုပ်ငန်းဖြစ်သည့် စခရင် အဝတ်အထည် ပုံနှိပ်လုပ်ငန်းကို ရပ်ဆိုင်းလိုက်ရသည့် အခါ တွင် သူမ၏အိပ်မက်များသည် ပျက်စီးသွားခဲ့ရသည်ဟု သတင်းတွင် ရေးသားဖော်ပြသည်။

 

သူမအား Tejgaon College တွင်ကူးသန်းရောင်း ဝယ်ရေးဘွဲ့သင်တန်းတက်ရောက် ရန် အိပ်ရာထဲတွင်လဲနေသည့် ဖခင်ဖြစ်သူက အကြံပေးခဲ့သည်။ ထို့နောက် သူမအား အလုပ်ခွင်သို့ အမြန်ဝင်ရောက်စေပြီး အဆိုပါ သင်တန်းပြီးစီးပါက မိသားစုငါးယောက်ကို ထောက်ပံ့ပေး နိုင်မည်ဟု သူမ၏ ဖခင်က ယုံကြည်ခဲ့သည်။

 

 ဒေါ်လီ သည် ၁၉၉၆ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် ၁၉၉၇ ခုနှစ်တွင် Li & Fung တွင် လက်ထောက် အရောင်းအ၀ယ် အဖြစ် လုပ်ကိုင်ခဲ့သည်။

 

သူမသည် လစာမြင့်မားသည့် ကိုယ်ရေးအတွင်းရေးမှုး ရာထူးအတွက် ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း သူမ သည် လစာနည်းပါးသော လက်ထောက် ရာထူးကိုသာ ရွေးချယ်ခဲ့ပြီး ရေရှည်အသက်မွေး ဝမ်းကြောင်းလုပ်ငန်း တိုးတက်မှုအတွက် ကိုသာ အာရုံစိုက်ထားခဲ့ သည်။

 

သူမသည် Li & Fung တွင် (၁၃) နှစ်ကြာ လုပ်ကိုင်နေသည့်ကာ လအတွင်း နောက်ထပ် ကျောင်း ပညာရေးကို ဆက်လက်ဆည်းပူးခဲ့ကာ (၂၀၀၃) ခုနှစ်တွင် စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA)ကို ရရှိခဲ့သည်။

 

"ကျွန်မရရှိခဲ့တဲ့MBA ဘွဲ့ဟာဆိုရင် ကျွန်မဘဝရဲ့ အချိုးအကွေ့တစ်ခုပါပဲ" ဟု သူမ ကပြောဆိုသည်။

 

MBA ဘွဲ့သည်သူမ၏ စွန့်ဦးတီထွင်မှု အတွေးအမြင်ကို ပုံဖော်ရန်အတွက်ကိုလည်း အသိအမှတ် ပြုပေးခဲ့သည်ဟုလည်းသူမကပြောဆိုခဲ့သည်။

 

သူမ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းသည် PVH တွင် ဦးဆောင်မှုအခန်းကဏ္ဍများ နှင့်အတူ လျင်မြန်စွာတိုးတက်ခဲ့ပြီး နောက်ပိုင်းတွင်  ဂျကာတာတွင် MS Mode နှင့် MGF Sourcing အတွက် နိုင်ငံဆိုင်ရာမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။

 

 ၂၀၁၆ ခုနှစ်တွင် သူမ သည် ဘင်္ဂလားဒေ့ရှ်တွင် MGF ၏ လုပ်ငန်းများကို ညွှန်ကြားခဲ့ရသည်။

 

 သို့ထိတိုင် သူမ၏ ရည်မှန်းချက်များသည် ပူးပေါင်းခေါင်းဆောင်မှုထက်ကျော်လွန်ခဲ့သည်။

 

သူမသည် မိသားစုပိုင်မြေကို ထုခွဲရောင်းချပြီး တာကာတစ်ကုဋေဖြင့် Cloths R Us ကို ၂၀၁၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

 

ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ခဲ့ရလင့်ကစား သူမ ၏စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀) သန်းအထိ လည်ပတ်နိုင်ခဲ့သည်။

 

Cloths “R” Us Ltd သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေရှည်တည်တံ့သည့် ထုတ်ကုန်များကို ရှာဖွေခြင်းဖြင့် ဖက်ရှင်၏အနာဂတ်ကို တီထွင်ဖန်တီးရန် ၊ အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများနှင့် အတူလက်တွဲလုပ်ဆောင်ရန်အတွက် စီးပွားဖြစ်အစပျိုးမှုတစ်ခုဖြစ်သည်။

 

 ထို့အပြင် Cloths “R” Us Ltd သည် ဝါးဖိုက်ဘာ၊ အော်ဂဲနစ်ချည်နှင့် ပိုမိုကောင်းမွန်သည့် Cotton Initiative-certified ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ချည်ထည်များကို အာရုံစိုက်ပြီး ရေရှည် တည်တံ့ခိုင်မြဲရန် ကတိက၀တ်ပြုထားသည်။ Source/Textile Today

ဆက်စပ် သတင်းများ