Preview

ရခိုင့်နိုင်ငံရေးအကျဉ်းသားများအရေး AA နှင့်ပူးပေါင်းဆောင်ရွက်လိုဟု AAPP ပြော

အောက်တိုဘာ ၁၁/ ၂၀၂၄ | ကြည့်ရှုသူ :1515
ရခိုင် သတင်း

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၁/၂၀၂၄

ရခိုင်ပြည်မှ နိုင်ငံရေးအကျဉ်းသားများအရေးအားနိုင်ငံရေးအကျဉ်းသားများ
 ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က နိရဉ္စရာကိုပြောသည်။

ရခိုင်ပြည်မှ နိုင်ငံရေးအကျဉ်းသားများအား ပြည်မသို့ပြောင်းရွှေ့နေခြင်းနှင့်ပတ်သက်၍
 နိရဉ္စရာက ကိုဘိုကြည်အား မေးမြန်းရာထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ကတော့ အကုန်လုံးနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ဉပမာ နိုင်ငံရေးကျဉ်းသားအရေးတစ်ခုတည်းမဟုတ်ဘဲနဲ့ တခြားအကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ တရားဉပဒေ စိုးမိုးရေးကိစ္စတွေမှာလည်းသက်ဆိုင်ရာ အာဏာပိုင်တွေနဲ့အနီးကပ် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။တချို့ပြည်နယ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟုပြောသည်။

တရားဉပဒေစိုးမိုးရေး၊ အကျဉ်းထောင်နှင့် ပတ်သက်၍ ပေါ်လစီများ၊လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်မဖြစ်ရန်ပြုပြင်ပြောင်းလဲမှုမည်သို့လုပ်ဆောင်မည်ကို AA နှင့်ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်းလည်း ကိုဘိုကြည်က ဆိုသည်။

စစ်ရေးအခြေအနေကို အတိအကျမသိပါဘူး။ ဒါပေမယ့် အာရက္ခတပ်တော်ကတော့တော်တော်များများကို သိမ်းပိုက်ထားပြီဆိုတာတော့ ကျွန်တော်တို့သိပါတယ်။ ထောင်ပြောင်းတယ်ဆိုတာကတော့စစ်အုပ်စုဘက်က လုံခြုံရေးအရစိုးရိမ်လို့ ပြောင်းတာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်နိုင်ငံရေးအကျဥ်းသားတွေ ပိုပြီးအခက်အခဲဖြစ်အောင်လုပ်တာလည်း ဖြစ်နိုင်ပါတယ်။မိသားစုနဲ့ဝေးတဲ့နေရာကိုပြောင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးများ၊နိုင်ငံတွင်းရှိနိုင်ငံသားများ၊ နိုင်ငံရေးနှင့်နိုင်ငံရေးဆိုင်ရာအခွင့်ရေးများကျင့်သုံးနိုင်ရန် ဖြစ်နိုင်သမျှအဖွဲ့အစည်းများဖြင့်ပူးပေါင်းဆောင်ရွက်ပြီးဖြစ်လာစေရန် လုပ်ဆောင်လိုကြောင်းလည်းကိုဘိုကြည်က ပြောသည်။

အဓိကကတော့ ရခိုင်ဖက်မှာ ကျွန်တော်တို့နဲ့ ချိတ်ဆက်မှုကောင်းကောင်းဘယ်လောက်ရှိလဲဆိုတာအပေါ်မှာမူတည်ပါတယ်။ အရင်ကတည်းက ရခိုင်ဘက်ကိုတော့ တောက်လျှောက်စောင့်ကြည့်တာရှိတယ်။ ၇ခိုင်ဘက်က ၁၇ (၁)၊ ၁၇(၂) ပုဒ်မတွေနဲ့အဖမ်းခံရတာတွေအများကြီးရှိပါတယ်။ ဒီဟာတွေကိုလည်း လက်လှမ်းမီသလောက် ရခိုင်ဘက်မှာရှိနေတဲ့အဖွဲ့အစည်းတွေ၊ အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်ကပဲဖြစ်ဖြစ်၊တခြားမြေပြင်အဖွဲ့အစည်းတွေကလည်း သိရင်သိသလို အချက်အလက်တွေ ဖြန့်ဝေပေးတာတွေရှိတယ်”ဟုပြောသည်။

စစ်တွေထောင်မှ အင်းစိန်ထောင်သို့ ပြောင်းသွားသောအကျဉ်းသားများစာရင်းကိုလည်းရရှိထားပြီး တတ်နိုင်သမျှစောင့်ကြည့်နေကြောင်း သူကပြောသည်။

စစ်တွေထောင်ကနေ အင်းစိန်ထောင်ကို ပြောင်းသွားတာတွေရှိတယ်။အဲဒီစာရင်းတွေကတော့ ကျွန်တော်တို့ဆီမှာရှိနေပါတယ်။ ဖြစ်နိုင်သမျှရခိုင်ပဲဖြစ်ဖြစ်၊ ချင်းပဲဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းခံရပြီးရင်သတင်းအချက်အလက်ရတယ်ဆိုရင် နိုင်ငံရေးကျဉ်းသားအဖြစ်ထည့်သွင်းဆောင်ရွက်လျက်ရှိပါတယ်။လက်လှမ်းမီသလောက် ကူညီနေတယ်” ဟုပြောသည်။

စစ်ရေးအခြေအနေ တင်းမာလာသည့် စစ်တွေမြို့ရှိ
 အကျဥ်းထောင်မှ ရဲပြေး၊ စစ်ပြေးအပါအဝင် အကျဉ်းသား ၆၀၀ ကျော်ကို စစ်ကောင်စီက အောက်တိုဘာရ ရက်နှင့်၊ အောက်တိုဘာ ၈ ရက်တို့ညဥ့်အချိန်တို့တွင် ရေယာဥ်ဖြင့် ရန်ကုန်အင်းစိန်ထောင်သို့ ခေါ်ယူသွားသည်ဟု သိ၇သည်။

ဓာတ်ပုံ-MOI

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.