Preview

မလေးရှားမှ နေရပ်ပြန် ရခိုင်အမျိုးသားနှစ်ဦး ရန်ကုန်တွင် ပျောက်ဆုံးနေ

အောက်တိုဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :2415
ရခိုင် သတင်း

ဆလိုင်းမိုးအောင်၊နိရဉ္စရာ၊ အောက်တိုဘာ ၁၂/ ၂၀၂၄

မလေးရှားနိုင်ငံမှနေရပ်ပြန်ပို့ခံရသည့်ရခိုင်အမျိုးသားနှစ်ဦးသည် ရန်ကုန်တွင် ပျောက်ဆုံး နေသည်မှာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ကြောင်း ၎င်းတို့၏ ဆွေမျိုးများက ပြောသည်။  

ပျောက်ဆုံးနေသူများမှာရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊မောင်ညိုကျွန်းကျေးရွာမှ အသက်(၄၄)နှစ်အရွယ် ဦးမောင်အေးသန်းနှင့် (အမည်မသိရသူ)ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု သိ၇သည်။

သူတို့နှစ်ဦးမှာပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်၊ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့၊ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်အနီးရှိ တည်းခိုခန်းတစ်ခုတွင်တည်းခိုနေရာမှပျောက်ဆုံး သွားခြင်းဖြစ်သည်ဟု သိရသည်။

"အပြင်ထွက်သွားတာကနေအဆက်သွယ်မရဘဲ ပျောက်နေတာပါ။ရွာပြန်ဖို့အတွက် လေယာဥ်လက်မှတ်လည်း ခံထားပြီးပြီ။ ပြန်လာတော့မယ်ဆိုပြီးမျှော်နေတာပေါ့နော်။ နောက်တစ်ရက်ဖုန်းဆက်ကြည့်တော့ စက်ပိတ်ထားတယ်ချည်းပြောတယ်။အခုထိ အဆက်အသွယ်လုံး၀မရဘူး"ဟု ပျောက်ဆုံးနေသည့် ဦးမောင်အေးသန်း၏ မိသားစုဝင် တစ်ဦးကပြောသည်။

လက်ရှိတွင်ခုနစ်ရက်ကျော်ကြာအဆက်အသွယ်မ၇ဘဲ လုံး၀ပျောက်ဆုံးနေ၍ မိသားစု ဝင်များမှာစိုးရိမ်စိတ်ပူနေကြောင်းလည်း သူက ဆက်ပြောသည်။

ပျောက်ဆုံးနေသူတို့မှာမလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေစဥ် မလေးရှားအာဏာပိုင်များနှင့်ရဲပူးပေါင်းတပ်ဖွဲ့တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပြီးနောက် အချုပ်ရက်စေ့၍ မြန်မာနိုင်ငံ ရန်ကုန်သို့ လေယာဉ်ဖြင့် စက်တင်ဘာ နောက်ဆုံးအပတ်က  ပြန်ပို့ခံခဲ့၇သည်ဟု၎င်းက ပြောသည်။

ယင်းအပြင်မလေးရှားတွင်ရွေ့ပြောင်းလုပ်ကိုင်နေသူများကို မလေးရှားအာဏာပိုင်တို့က ဖမ်းဆီးပြီးမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်လိုက်ပြီးနောက် အိမ်ပြန်မရောက်ဘဲရန်ကုန်တွင်ပျောက်ဆုံးနေသည့် ရခိုင်လူမျိုးများလည်း နောက်ထပ်ရှိနေသေးကြောင်း မလေးရောက် လူမှုအဖွဲ့အစည်းများထံမှ တစ်ဆင့် သိရသည်

သူတို့ နှစ်ဦးကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟုလည်း သူတို့နှင့် ဆက်နွယ်နေသည့် အသိုင်းအဝိုင်းအကြားတွင် သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါ။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.