Preview

၇ခိုင်တွင်မြို့ ၃ မြို့မှ လွဲပြီး ကျန်ဒေသများအားလုံးကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်

အောက်တိုဘာ ၁၅/ ၂၀၂၄ | ကြည့်ရှုသူ :3173
ရခိုင် သတင်း

အေးမြတ်ခိုင်၊ နိရဥ္စရာ၊ အောက်တိုဘာ ၁၅/၂၀၂၄

ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့နယ်များအထဲက စစ်တွေ၊ အမ်းနှင့် ဂွကလွဲပြီး ရခိုင်တစ်ပြည်လုံးကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသည်ဟု သတင်းရရှိသည်။ 

အောက်တိုဘာလ ၁၂ ရက်နေ့စတင်ကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆက်သွယ်၍ မ၇သေးဟု ပြောဆိုသည်။

မြောက်ဦးမြို့နယ်မှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မနွယ်ချေက“ရမ်းဗြဲ၊ တောင်ကုတ်၊ မြေပုံ၊ ကျောက်တော် နေရာစုံမှာ ဗုံးကြဲခံ၇တဲ့သတင်းတွေတက်လာလို့ ဆက်တာ ၁၂ ရက်နေ့ ညနေပိုင်းကတည်းက အဆက်အသွယ်မ၇တော့ဘူး”ဟု ပြောသည်။

နိရဥ္စရာ၏ ဆက်သွယ်ချက်အရ ယခင်ဖုန်းရနေသည့်ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ တို့တွင်လည်း ဖုန်းနှင့် အင်တာလိုင်းမရရှိတော့ဟု သိ၇သည်။ 

စစ်တွေဒေသခံတစ်ဦးက “ဒီမှာလည်း လိုင်းကောင်းတာတော့မဟုတ်ဘူး။ MPT တော့ သုံးလို့ရနေသေးတယ်စစ်တွေမှာ။ တခြားမြို့နယ်တွေလှမ်းဆက်ကြည့်တာတော့ လုံးလုံးမ၇တော့ဘူး”ဟု ပြောသည်။

ရခိုင်ပြည်တဝန်း ဗုံကြဲတိုက်ခိုက်မှု အခံရဆုံးကာလ၌ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသောကြောင့် နေ့စဉ်စိုးရိမ်ပူပင်နေရကြောင်း ရန်ကုန်မှာ စစ်ဘေးရှောင်နေသည့် စစ်တွေမြို့မှအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက ဘာသတင်းမှမတတ်လာတော့ဘူးဆိုတော့ ရခိုင်မှာ ဘာဖြစ်နေနေ သိခွင့်မရတော့ဘူး။ အမတို့မှ မဟုတ်ဘူး။ ရခိုင်ပြည်သူတွေ ဘယ်လိုခံစားနေကြရလဲကို ကမ္ဘာကလည်း မသိကြရတော့ဘူး။ ဘယ်လိုများ နေထိုင်နေကြလဲ။ အဆင်မှပြေကြရဲ့လား။ ဘာတွေဖြစ်နေပြီလဲ အရမ်းသိချင်တယ်။ တချိန်လုံး စိုးရိမ်သောကရောက်နေ၇တယ်”ဟု ပြောသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းမှာ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းအမှောင်ချလို၍ စစ်ကောင်စီကဖြတ်တောက်ထားသည်ဟု ပြောဆိုမှုများရှိနေသလို လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပင်မဆက်သွယ်ရေးလိုင်များ ထိခိုက်သွား၍ဟုလည်း ပြောဆိုမှုများရှိနေသည်။

ရခိုင်တွင် ဇန်နဝါရီလကတည်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားခဲ့ပြီး နောက်ပိုင်းတွင် နေရာကွက်ကျား ပြန်လည်အသုံးပြုနိုင်ခဲ့သော်လည်း လက်ရှိမှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဒေသများ၌လည်း ဖုန်းလိုင်း လုံး၀ပြတ်တောက်သွားခြင်း ဖြစ်သည်။

ရခိုင်တွင် AA ထိန်းချုပ်ထားသည့်မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုန်နားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ပေါက်တော၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ် ပလက်၀မြို့တို့အား အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ထားသည်မှာလနှင့်ချီ ရှိနေပြီဖြစ်ကြောင်း သိ၇သည်။

၂၀၁၉ ခုနှစ်ကလည်း ၇ခိုင်ကမြို့နယ်အများစုကို စစ်ကောင်စီက အင်တာနက်လိုင်း အသုံးပြုမှု ဖြတ်တောက်ခဲ့သဖြင့် ဝေဖန်ကန့်ကွက်မှုများအကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.