သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

အမ်း နပခဌာနချုပ်နှင့် အနီးဆုံး တပ်နှစ်ခုကို AA ထိုးစစ်ဆင်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 619

မင်းသျှင်စော၊ နိရဉ္စရာ ၊အောက်တိုဘာ ၁၇/၂၀၂၄

 

အမ်းမြို့က အနောက်ပိုင်းတိုင်းဌာနချုပ် (နပခ) နှင့် အနီးကပ်ဆုံး တပ်နှစ်တပ်ဖြစ်သည့် စရဖနှင့် ဆေးတပ်တို့ကို အာရက္ခတပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရှိရသည်။

 

ယနေ့ အောက်တိုဘာ ၁၇ ရက် နံနက်ကစပြီး  AA မှ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး  စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် စစ်ကူပေးနေသည်ဟု  ဒေသခံစစ်ရေး သတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကိုပြောပါတယ်။

 

 " ဒီကနေ့ မနက် ၉ နာရီကျော်ကတည်းက စရဖတပ်နဲ့ ဆေးတပ်မှာ အေအေနဲ့ စစ်တပ်တို့ နှစ်ဖက် တိုက်ပွဲ ပြင်းထန် နေပါတယ်။ စစ်ကောင်စီက ညနေ  ၃ နာရီကျော်လောက်မှာတော့ ဂျက် နှစ်စီးနဲ့ လာပြီးဗုံးကြဲတယ်။ ခဏနေနောက်တစ်စီးလာတယ်။ ဗုံးကြဲတယ်။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်နေတာပါ"ဟု သူကဆိုသည်။

 

ယခုရက်ပိုင်းအတွင်း အမ်းမြို့ရှိ တပ်ရင်းများအား အာရက္ခတပ်တော် (AA)က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကို အသုံးပြုပြီး ခုခံကာကွယ်နေသည်ဟု သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

ဆက်စပ် သတင်းများ