နောင်မင်းသူ၊နိရဉ္စရာ၊အောက်တိုဘာ ၁၈/၂၀၂၄
ရခိုင်ပြည်၊ မောင်တောတိုက်ပွဲအတွင်း အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် အငြိုးအတေးဖြင့် ရခိုင်ကျေးရွာများကို လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်နေသည်ဟု သိ၇သည်။
" မောင်တောက စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေနေတဲ့ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်တိုက် လေယာဉ်တွေနဲ့ဗုံးကြဲလာမူတွေရှိနေတယ်။ မောင်တောဒေသခံတွေရော၊ ရွာခံသားတွေပါကျေးရွာတွေမှာ ဆက်မနေရဲကြတော့ဘူး။ဘေးလွတ်ရာကိုထွက်ပြေးနေကြတယ်"ဟု မောင်တော ဒေသခံစစ်ဘေးရှောင်တစ်ဦးကပြောကြားသည်။
ထွက်ပြေးနေကြရသည့်ကျေးရွာများမှာ အောင်ဇေယျ၊အောင်သာယာ၊အောင်မင်္ဂလာ၊ဖားဝပ်ချောင်းစသည့်ကျေးရွာများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေကြရကြောင်းဒေသခံများထံမှသိ၇သည်။
ထိုသို့မောင်တောမြို့တွင်းမှ စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီ၏လေကြောင်း အန္တယ်ကြောင်းဒုတိယ အကြိမ် စစ်ဘေးရှောင် ထွက်ပြေးနေရတာကြောင့် အလွန်တရာမှ အခက်အခဲများနှင့် ကြုံတွေ့နေကြရကြောင်း စစ်ဘေးရှောင်များကပြောဆိုသည်။
"ကျွန်မတို့ မောင်တောက ထွက်လာတာအဝတ်အထည်နဲ့ အနွေးထည်တွေ၊စောင်တွေဘာမှ ပါမလာကြဘူး။ စာသင်ကျောင်းတွေက သမန်တလင်းမှာ အခင်းလေးတစ်ခုနဲ့ အိပ်ပြီး နေထိုင် နေကြရတာ။ အခု ဆောင်းဝင်လာပြီ။ ဘာအနွေးထည်မှမရှိဘူး။လေကြောင်းက ဗုံးကြဲလို့ အခုထပ်ပြီးထွက်ပြေးနေကြ၇တယ်"ဟု ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ရက်နေ့နေ့လည်ပိုင်း၌ မောင်တောမြို့နယ်၊မြောက်ပိုင်း၊ အောင်မင်္ဂလာကျေးရွာ အားစစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းသိမ်အပါအဝင် နေအိမ်နှစ်လုံး မီးလောင် ပျက်ဆီးသွားခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့သည်။
ထိုအတူမောင်တောမြို့နယ်တောင်ပိုင်း ခရေမြိုင်ကျေးရွာ အားလည်း စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ် ၁ စီးဖြင့် အောက်တိုဘာလ ရ ရက် ညနေ ၄ နာရီကျော်ခန့်၌ ဗုံး(၄ ) လုံးကြဲချ ခဲ့ရာ အမျိုးသား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိသွားခဲ့၇သည်။