တနင်္ဂနွေ၊ အောက်တိုဘာလ ၂၀ရက်၊ ၂၀၂၄

မောင်တော ရှိ နခခ(၅)တိုက်ပွဲ ဆက်လက်ပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များကို အသုံးပြုပြီး ခုခံကာကွယ်နေ

နောင်မင်းသူ၊ နိရဉ္စရာ၊‌အောက်တိုဘာ ‌၂၀ / ၂၀၂၄

မောင်တောရှိ တစ်ခုတည်းကျန်ရှိနေသည့် အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) အား အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်တိုက် ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ အလွန်ပြင်းအားကောင်းသည့် ဗုံးများကို အကြိမ်ကြိမ် လာရောက်ကြဲချကာ ခုခံကာကွယ်နေသည်ဟု သိရသည်။ 

မောင်တောဒေသတိုက်ပွဲများအား‌ လေ့လာသုံးသပ်ပြောဆိုနိုင်သူတစ်ဦးက "နခခ(၅) ပွဲသိမ်း တိုက်ပွဲက နောက်ဆုံးအဆင့်ကို တစ်ရက်ထက်တစ်ရက်ရောက်ရှိလာနေတယ်။ စစ်ကောင်စီဖက်ကလည်း လေကြောင်ကို အများဆုံးအသုံးပြုပြီး နခခ(၅)မကျအောင် ကာကွယ်နေတာတွေ့ရတယ်"ဟု ပြောကြားသည်။

အောက်တို့ဘာ ၁၉ ရက် ယမန်နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်ကလည်း  ဂျက်တိုက်လေယာဉ် ၂ စီး ဆက်တိုက် လာပြီး နခခ(၅)ဝန်းကျင်နှင့် ၃ မိုင်နှင့် ၄ မိုင်ပတ် ဝန်းကျင် ကျေးရွာများကို ဗုံး ၈ လုံးကြဲချခဲ့ကြောင်း မျက်မြင်ဒေသများထံမှသိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နခခ (၅) ပတ်ဝန်းကျင်ရှိ အစိုးရရုံးအများအပြားမှာ ပျက်စီးသွားပြီဟု သိရသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်နေသည့်  နခခ(၅)တပ်အနီးအပြင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် လူနေ ကျေးရွာများကိုလည်း နေ့တိုင်းလိုလို လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့်  ဗုံးကြဲ တိုက်ခိုက်မှုများကို ပြုလုပ်နေသဖြင့် အရပ်သားပြည်သူများမှာ ထိခိုက်ရာ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။  

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!