Preview

ဂွတွင် ဒဏ်ရာ၇သူတစ်ဦးအပါအဝင် စစ်သားသုံးဦးသည် သေနတ် ၂လက်နှင့်အတူ အရပ်သားများထံမှ မော်တော်ဆိုင်ကယ်ကို ယူဆောင်ထွက်ပြေး

အောက်တိုဘာ ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :1701
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၄

ဂွမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းမှ စစ်သား၃ ဦးသည် လက်နက် ၂ လက်နှင့် အတူ အရပ်သားများထံမှ မော်တော်ဆိုင်ကယ်ကို လုယူကာ ယမန်နေ့ကဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးသွားကြောင်း မျက်မြင် ဒေသခံများက ပြောကြားသည်။

“ မနေ့က စစ်သား ၃ ယောက်လက်နက်တွေနဲ့ ထွက်ပြေးတယ်။ ကြွေချိုင်မှဖြစ်နေတဲ့ တိုက်ပွဲကလို့ ပြောတယ်။ ချိုင်ကောက်ရွာက ဦးပီးချေ၊ ဦးမင်းလွင်တို့ဆီက ဆိုင်ကယ်ကိုလုယူသွားတယ်။ ပခုံးမှာ ဒဏ်ရာ၇ထားတဲ့ စစ်သားတစ်ယောက်ပါတယ်”ဟုဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းနောက် အဆိုပါ စစ်သား ၃ ဦးသည် ပိန္နဲကုန်းရွာသို့ အရောက်တွင်ဆီကုန် စက်ရပ်သွားသဖြင့် ထပ်ပြီး အရပ်သားဆိုင်ကယ်များကို ယူဆောင်ကာ ထွက်ပြေးသွားကြသည်ဟုဆိုသည်။

“ အခု စကစက အပူတပြင်းလိုက်ရှာနေတယ်။ သတင်းစုံစမ်းပြီး နောက်ကလိုက်နေတယ်” ဟု ၎င်းက ပြောကြားသည်။

ဂွမြို့နယ် တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းနှစ်ဖက် အကျအဆုံးများရှိနေပြီး စစ်ကောင်စီတပ်ဘက်မှ အေအေထိုးစစ်ကို မခံနိုင်၍ တပ်သားများထွက်ပြေးမှုများရှိနေသည်ဟု သိ၇သည်။

လွန်ခဲ့သော နှစ်ရက်ခန့်ကလည်း အရပ်ဝတ်ဖြင့် ထွက်ပြေးလာသောစစ်သားနှစ်ဦးသည် ဆပ်သွားရွာ တံတားထိပ်တွင် အိမ်တစ်အိမ်မှ ဆေးလိပ်တောင်းသောက်သွားသည်ဟုဒေသခံ တစ်ဦးက ပြောသည်။

“သူတို့က ကျန္တလီအနီး ကျောက်ချပ်ကလာတာလို့ ဗမာလိုပြောတယ်။ခြေထောက်မှာ ဒဏ်ရာတွေ ပါလာတယ်။ လက်နက်တွေတော့ မတွေ့မိဘူး။ ဆေးလိပ်သောက်ချင်တယ်ဆိုလို့ဆေးလိပ်တော့ ပေးလိုက်တယ်။ ထမင်းတော့ မကျွေးလိုက်ဘူး။ အရပ်ဝတ်နဲ့ဆိုပေမယ့် ဒဏ်ရာတွေနဲ့ဆိုတော့ လူတွေက ကြောက်ကြတယ်။ ဆပ်သွားတံတားဘက်က တောထဲကို ဆင်းသွားပြီး ပျောက်သွားတယ်”ဟုပြောကြားသည်။

လက်ရှိ ဂွမြို့မြောက်ဘက် မိုင် ၂၀ အကွာ ကျေးရွာများတွင်AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေကြောင်းသိ၇သည်။  (သတင်းပေးပို့-CJ)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.