အင်္ဂါ၊ အောက်တိုဘာလ ၂၂ရက်၊ ၂၀၂၄

အမ်းနပခဌာနချုပ်က ကျေးရွာ နှစ်ရွာကို ချက်ချင်းပြောင်းရွှေ့ခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

 မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ ၂၁ ၊ ၂၀၂၄

 

စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှ တပ်နယ်မြေအနီအနားရှိ ကျေးရွာနှစ်ရွာကို ချက်ချင်းပြောင်းရွှေ့ရန် အမိန့်ထုတ်လိုက်သည်ဟု သိရသည်။

 

၎င်းကျေးရွာနှစ်ရွာမှာ GE တပ်အနီးက ပြောင်းချောင်းကျေးရွာနှင့် BE တပ်နားက ဇာဒီမော်ကျေးရွာတို့ဖြစ်ကြသည်။

 

ဒေသခံတစ်ဦးက " နှစ်ဖက်တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။အေအေက ပစ်လိုက်တဲ့ လက်နက်ကြီးကျဉ်တွေက BE တပ်ပါ နပခဌာနချုပ်ကိုပါ ကျရောက်ပေါက်ကွဲတယ်။ မနေ့ညကလည်း  BE လူပျိုဆောင်ကျလို့ သေကြတယ်။ အဲဒီနောက်  ဇာဒီမော်ရွာကို ဒီနေ့ဘဲ စစ်ကောင်စီက တစ်ရွာလုံးကို ပြောင်းရွှေ့ရမယ်။ မပြောင်းရွှေ့င် လေယဉ်နဲ့ ဗုံးကြဲမယ်လို့ ပြောပါတယ်"ဟု  ပြောဆိုသည်။

 

စစ်မြေပြင် အင်ဂျင်နီယာတပ်နှင့် မနီးမဝေးကျေးရွာတစ်ခုဖြစ်သည့် ဇာဒီမော်ကျေးရွာသည်  အိမ်ခြေ ၃၀၀ ခန့်ရှိပြီး အမ်းမြို့ ရပ်ကွက် ၃ အုပ်စုဝင်ကျေးရွာတစ်ရွာဟု သိရသည်။

 

နပခဌာနချုပ် ၏လက်ရုံးတပ်တစ်ခုဖြစ်သော BE တပ်ကို AA မှလက်နက်ကြီးဖြင့် ပစ်ခတ်၍ လူပျိုဆောင်တွင် ကျရောက်ခဲ့ပြီး တပ်ကြပ်ကြီး တစ်ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီးနောက် အနီးအနားရှိ ကျေးရွာ နှစ်ရွာကို ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

ရွာတွေကို သံသယရှိလို့ အခုလိုဖိအားပေးပြီး အတင်းရွှေ့ပြောင်းခိုင်းတယ်လို့ ထင်ပါတယ်။ ပီးရင် စစ်တပ်ကလည်း နေရာအနှံ့ ဗုံးကြဲနေတယ်။ မနေ့ညနေ ၅ နာရီ ဝန်းကျင်ကလည်း  BE တပ်နားက  စပ်စီရွာ တောင်တန်းကို ဗုံးကြဲပြီးစက်သေနတ်တွေနဲ ပစ်ပါတယ်။ နာရီဝက်လောက် အချိန်ကြာ ပစ်ခတ်ခဲ့ပါတယ်ဟု နောက်ထပ် ဒေသခံတစ်ဉီးက ပြောကြားသမီည်။

 

ရွာသားအများမှာ တိုက်ပွဲဖြစ်ပွားကတည်းက ရွာကနေ ရှောင်တိမ်းနေကြပြီး အခုပြောင်းရွှေ့ရန် အမိန့်ထုတ်လာသဖြင့် ကျန်ရှိနေသူများပါ ရွာထဲကနေ ထွက်ခွာကာ နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြရသည်ဟု ဆိုသည်။

 

အခု လူတွေက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတာ။ စားရေးသောက်ရေးကအစ နေထိုင်ရေးပါ အခက်အခဲရှိနေပါတယ်။ အကုန် ဒုက္ခရောက်နေကြပြီလို့သာ ပြောချင်ပါတယ်ဟု ဆိုသည်။

 

အာရက္ခတပ်တော် (AA )က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အမ်းမြို့ တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီကလည် လေယာဉ်များဖြင့် အဆက်မပြတ် လာရောက်ဗုံးကြဲနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!