Preview

သံတွဲ ဆင်ခေါင်းကျေးရွာထပ်မံ ဗုံးကြဲခံရ

အောက်တိုဘာ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :2001
ရခိုင် သတင်း

မင်းသျှင်စော နိရဉ္စရာ ၊အောက်တိုဘာ၂၆၊၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီလေတပ်မှ တစ်ခြားနေရာ ၃ ခုနှင့်အတူ ယခုလ ၂၅ ရက်နေ့က ဗုံးကြဲခဲ့သည်ဟုသိ၇သည်။

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို ယခုနှစ် ဇွန်လ ၄ ရက်၅ရက်နေ့များက လေယာဉ်က ဗုံးကြဲသလို ပင်လယ်ပြင်တွင် ရပ်နားထားသည့် စစ်ရေယာဉ်များက လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့် လူပေါင်း ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့သလို ပျောက်ဆုံးနေသူလည်း အများအပြားရှိခဲ့သည်။

အဆိုပါ ဆင်ခေါင်းကျေးရွာအား ဒုတိယအကြိမ် စစ်ကောင်စီလာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက "အောက်တိုဘာ ၂၅ ရက်နေ့ ည ၄နာရီကျော်အချိန်မှာ စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဆင်ခေါင်းစာသင်ကျောင်းကို ဗုံးကြဲတယ်။ ဘာသတင်း၇လို့တော့ မသိဘူး။ ဒီတစ်ကြိမ်က ဒုတိယအကြိမ်လာတိုက်တာပါ”ဟု ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့ဗုံးကြဲမှုတွင် ဆင်ခေါင်းရွာ စာသင်ကျောင်း လုံး၀ ပြိုပျက်သွားသည်ဟု သူက ပြောကြားသည်။

စစ်ကောင်စီသည် အောက်တိုဘာ၂၅ ရက်နေ့ ညနေပိုင်းက  သံတွဲမြို့နယ်မှ ကြံ့ခိုင်ရေးရုံး၊ စကစ စစ်သား စုဆောင်းရေးရုံး၊ခမောင်းတုန်းကျေးရွာနှင့် ဆင်ခေါင်းရွာစသည့် နေရာ လေးခုအား လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ ဗုံးကြဲတိုကိ်ခုက်သဖြင့် ခမောင်းတုန်းဘုန်းတော်ကြီးကျောင်းမှာ လုံး၀ ပြိုပျက်သွားပြီးဆရာတော်ဘန္တဒဉာဏိကလည်း ဒဏ်ရာရရှိသွားခဲ့သည်။

“ အဲဒီနေ့ကခမောင်းတုန်းဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲခဲ့တယ်။ ဆရာတော် ဒဏ်ရာ၇သွားတယ်။ ဘုန်းတော်ကြီးကျောင်းလည်း ပျက်စီးသွားတယ်"ဟု ၎င်းကပြောကြားသည်။

သံတွဲမြို့ ကြံ့ခိုင်ရေးရုံးကို ဗုံးကြဲရာတွင် ဆယ်ကျော်သက်လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးအနားရှိ နေအိမ်များလည်း ပျက်စီးသွားခဲ့သည်ဟု သိ၇သည်။ (ဓာတ်ပုံ- ဆင်ခေါင်းရွာ ဗုံးကြဲခံခဲ့၇စဉ်က/ ယခင်ပုံဟောင်း)

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.