Preview

မောင်တောနခခ(၅)ဌာနချုပ် အပြီးသတ်တိုက်ပွဲပြင်းထန် (စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခုခံ)

အောက်တိုဘာ ၂၇/ ၂၀၂၄ | ကြည့်ရှုသူ :5250
ရခိုင် သတင်း

နောင်မင်းသူ၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၇ / ၂၀၂၄

ရခိုင်ပြည်၊ မောင်တော နယ်ခြားစောင့်ရဲ နခခ(၅)ဌာနချုပ်အား ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အာရက္ခတပ်တော် (AA) ၏ အပြီးသတ်တိုက်ပွဲမှာ အလွန်ပြင်းထန်လျက်ရှိနေသည်ဟုသိ၇သည်။

AA ၏ အပြီးသတ်သိမ်းပိုက်ရေးထိုးစစ်မှာ ပြင်းထန်နေသလို စစ်ကောင်စီကလည်း နခခ (၅) မကျစေရန် လေယာဉ်များကို စေလွှတ်ပြီးတိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်ကို အချိန်ပြည့် ဗုံးကြဲကာ စခန်းမကျရန် ကာကွယ်နေကြောင်းဒေသခံများက ပြောကြားသည်။

ယနေ့အောက်တိုဘာ ၂၇ ရက်၊ နံနက်အစောကြီး ည ၁ နာရီကျော်ကလည်း  ဂျက်ဖိုင်တာသုံးစီးမောင်တောမြို့ ကောင်းကင်သို့ ရောက်ရှိလာပြီး  နခခ(၅) ဝန်းကျင်နှင့် ရွှေရင်အေး ရွာဖက်ကို  ဗုံး ငါးလုံးကြဲချခုခံခဲ့ကြောင်းလည်း သိရသည်။

"နောက်ထပ် ဘယ်နေရာတွေကြဲချသွားလဲ အတိအကျတော့ မသိရသေးဘူး။ မြို့တွင်းကဝိမလနဲ့ အလယ်ရွာကိုချတယ်လို့တော့ ကြားသိရတယ်။ အထိအခိုက် ရှိ မရှိ အတိအကျတော့ မပြောတတ်ဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ ရာနှင့်ချီပြီး နေရာဝင်ယူထားသည့် မောင်တောခရိုင်မှတစ်ခုတည်းသော လက်ကျန် စခန်း နခခ(၅) ဌာနချုပ်ကို AA က ထိုးစစ်ဆင်နေသည်မှာ လနှင့် ချီ ကြာမြင်နေပြီဖြစ်ကာ ၎င်းစခန်းတိုက်ပွဲကြောင့်အနီးအနားရှိ အရပ်သား ကျေးရွာများကိုလည်း စစ်ကောင်စီလေတပ် မကြာခဏ ဗုံးလာကြဲသဖြင့် ထိခိုက်သေဆုံးမှုများလည်းမကြာခဏ ဖြစ်ပေါ်နေသည်။

၎င်း နခခ(၅) ကြောင့် အာရက္ခတပ်တော်အတွက်သာမကဒေသနေပြည်သူများ၏ ရပ်တည်နေထိုင်ရေးနှင့် လုပ်ကိုင်စားသောက်ရေးပါ အခက်အခဲများ ရှိနေ၍အပြီးသတ်မသိမ်းပိုက်ဘဲ ထား၍မရနိုင်တော့ကြောင်း စစ်ရေးလေ့လာသူတစ်ဦးကပြောဆိုသည်။

"ဒီလက်ကျန်စခန်းတစ်ခုတည်းကို မသိမ်းပိုက်ဘဲထားလို့ ဘယ်လိုမှမရတော့ဘူးလေ။  အပြတ်အသတ် တိုက်ကိုတိုက်ရတော့မှာပါ။ စခန်းတစ်ခုရှိနေရင်လည်း အားလုံးအတွက်အနှောင့်အယှက်ဖြစ်သလို တစ်ဖက်မှာလည်း ဒီစခန်းတစ်ခုကြောင့်  မောင်တောကို သိမ်းလို့ မရသေးဘူးဆိုတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ရအောင်သိမ်းဖို့လိုနေတယ်"ဟု ပြောဆိုသည်။

စစ်ကောင်စီကလည်း စခန်းမကျစေရန် လေယာဉ်များဖြင့် ပစ်ကူနေရာယနေ့ နံနက် ညအချိန်နှင့်  အောက်တိုဘာလ ၂၆ ရက်၊အရုဏ် ၅ နာရီခန့်၌လည် နခခ(၅)တပ်ရင်းနှင့် ၎င်းစခန်းမှ၁ မိုင်ခန့်အကွာရှိသာစည်ကုန်း၊ ၃ မိုင်၊ ဝေသာလီ စသည့်ကျေးရွာများ အနီးသို့ ဗုံးများ ကြဲချခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာများမှ ပြည်သူများ မှာ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစပြီးတိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသဖြင့် အထိအခိုက်မရှိခဲ့ဟု သိ၇သည်။  

ယင်းအပြင် နခခ(၅)တပ်ရင်းကလည်း သီဟိုလ်ခြံရှိ မောင်တောမြို့တွင်း အဝင်လမ်းများအားယမန်နေ့ နံနက်ပိုင်း၌ လက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းမျက်မြင် ဒေသခံများက ပြောဆိုသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.