Preview

မီဘေးအန္တရာယ်ကြောင့် ရခိုင်မြို့ရွာလူနေရပ်ကွက်များအတွင်း စက်သုံးဆီ သိုလှောင်ရောင်းချမှုကို AA ကန့်သတ်

လွန်ခဲ့သော ၁၂ ရက် က | ကြည့်ရှုသူ :824
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဉ္စရာ ၊ အောက်တိုဘာ ၂၉ / ၂၀၂၄

နွေရာသီရောက်လာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အတွက် ရခိုင်ရှိ မြို့ရွာရပ်ကွက်များအတွင်း စက်သုံးဆီအများအပြား  သိုလှောင်ရောင်းချခြင်းကို အာရက္ခပြည်သူ့ အစိုးရမှ ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

“ လူနေရပ်ကွက် မြို့ရွာအတွင်း စက်သုံးဆီရောင်းချသူတွေ အနေနဲ့  နေအိမ်တွေနဲ့ ဆိုင်တွေမှာ  ဓာတ်ဆီဆိုရင် ဂါလံ ၂၀ ထက်မသိုလှောင်ဖို့နဲ့  ဒီဇယ်ဆီဆိုလျှင် ဂါလံ ၃၀ ထက်ပိုပြီမသိုလှောင်ကြဖို့ ကန့်သတ် အမိန့်ထုတ်ပါတယ်။ အဓိကတော့ လူနေရပ်ကွက်တွေဆို မီးအန္တရာယ်ရှိလို့ အမိန့်ထုတ် တားမြစ်တာလို့ သိ၇ပါတယ်” ဟု ပြောကြားသည်။

၎င်းကန့်သတ်အမိန့်ကို အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများတွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် မကျရောက်စေရေး စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာသိုလှောင်ရောင်းချကြရန် ထုတ်ပြန်ချက်တွင် ပါရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။


AA ထိန်းချုပ်ထားသည့်မြို့တစ်ခုမှ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက "အောက်တိုဘာ ၂၇ ရက်၊  ဟိုတစ်နေ့က အမိန့်ထုတ်ကြေညာခဲ့တယ်။အိမ်တွေ၊ ဆိုင်တွေမှာ စက်သုံးဆီတွေ ပမာဏ အများကြီး မသိုလှောင်ဖို့အမိန့်ထုတ်တာပေါ့။လူနေရပ်ကွက်တွေမှာ ဆိုတော့မီးဘေးအန္တရာယ်ဖြစ်မှာကြောင့်လို့ကြေညာခဲ့တယ်" ဟု ပြောသည်။

လက်ရှိရခိုင်လွတ်မြောက်မြို့များရှိ  လူနေရပ်ကွက်များတွင်စက်သုံးဆီအရောင်းဆိုင် များကို ရောင်းချမှုရှိလာ၍ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကျရောက်မည်ကို အများပြည်သူများက စိုးရိမ်မှုများရှိနေသည်ဟုလည်း သိရှိ၇သည်။

သတ်မှတ်ထားသည့် စက်သုံးဆီ ပမာဏထက် ပို၍သိုလှောင်ပါကအရေးယူခံရမည်ဟုလည်း AA က အသိပေးထားကြောင်း ရခိုင်မှ နောက်ထပ်စက်သုံးဆီရောင်းချနေသည့် အမျိုးသားတစ်ဦးကနိရဉ္စရာကို ပြောသည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်းနှင့် ရခိုင်တွင် စစ်ပွဲများ စတင်ဖြစ်ပွားချိန်မှ စပြီးစစ်ကောင်စီကစက်သုံးဆီ တင်သွင်းခွင့်ကို ပိတ်ပင်လိုက်သဖြင့်  ရခိုင်တွင် စက်သုံးဆီပြတ်လပ်မှုနှင့်ကြုံခဲ့ရသည်။

လက်ရှိတိုက်ပွဲကာလအတွင်းတွင် ဆီဆိုင်ကြီးများကို ပိတ်ထားရပြီး  တစ်ပိုင်တစ်နိုင် စက်သုံးဆီရောင်းချသည့် လက်ကားဆိုင်ငယ်လေးများပေါများလျက်ရှိကြောင်းသိ၇သည်။



ဓာတ်ပုံ- ရခိုင် လူနေရပ်ကွက်များအတွင်း စက်သုံးဆီ ရောင်းချနေမှုအား တွေ့၇စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.