သဉ္ဇာနွယ်၊နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၄
ရခိုင်ပြည်ရှိစစ်ကောင်စီထိန်းချုပ်ထားသည့် မြို့အချို့တွင် လျှပ်စစ်မီး လုံး၀ ပြတ်တောက်နေကြောင်းသတင်းရရှိသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့
တောင်ကုတ်မြို့တွင်ဆိုလျှင် အော
ယင်းနောက်အောက်တိုဘာ ၂၄ ရက်မှစ၍ လျှပ်စစ်မီးလုံး၀ပြတ်တောက်သွား
"မီးပြတ်တာ ၅ ရက်ရှိပြီ။ ညဖက်ဆိုလည်းမီးမရှိလို့တစ်မြို့လုံး တိတ်ဆိတ်နေတယ်။ မီးပြတ်တော့ရေတင်လို့မရဘူး။ ရွာတွေမှာဆို ကန်တွေ၊ ရေတွင်းတွေရှိရင် သုံးလို့ရသေးတယ်။ အခုက မီးမလာတော့ရေသုံးရတာလည်း အဆင်မပြေတော့ဘူး။ မီးမလာတာကမီးရုံးကတာဝန်ရှိသူကစစ် ရှောင်သွားတာ ၃လ လောက်ရှိပြီ။ သူမရှိတော့မီးကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူလုပ်မယ့်သူမရှိတော့ဘူး"
တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင်လည်း အောက်တိုဘာ ၂၁ရက်နေ့ကတည်းက ပြတ်တောက်သွားပြီး မြို့ထဲပိတ်မိနေသူများတွင်စားဝတ်နေရေးအပြင် မီးမရှိ၊ ရေမရှိသည့်အခြေအနေနှင့်ရင်ဆိုင်နေကြရသည်ဟုမြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"တိုက်ပွဲတွေက အနီးအနားမှာဖြစ်နေတော့မီးကလည်း ပုံမှန်မပေးတော့ဘူး။ အင်တာနက်လည်း သုံးလို့မရတော့ဘူး" ဟုပြောသည်။
အလားတူ တရုတ်စီမံကိန်းများရှိရာကျောက်ဖြူမြို့ကို မင်းဘူး-အမ်းလမ်းမှတဆင့် ဓာတ်အား ဖြန့်ဖြူးပေးနေသည့်မဟာဓာတ်အားလိုင်းသည်လည်း ပြီးခဲ့သည့်စက်တင်ဘာလ ၂၄ ရက်က မအီ-လုံးတော်ပေါက်တံတားအားစစ်ကောင်စီကဗုံးကြဲတိုက်ခိုက်
ကျောက်ဖြူမြို့ပေါ်တွင် မီးပြတ်နေသည်မှာတစ်လနီးပါးရှိနေပြီဖြစ်ပြီး မီးစက်ဟောင်းများကို ပြုပြင်၍ သုံးစွဲနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။
"အခုတော့ အရင်တုန်းကပစ်ထားတဲ့မီးစက်တွေကို
စစ်ကောင်စီထိန်းချုပ်ထားဆဲစစ်တွေမြို့တွင်လည်း လျှပ်စစ်မီးမကြာခဏ ပြတ်တောက်သည်ဟု မြို့ခံများက ပြောသည်။ ဓာတ်ပုံ- ပုံဟောင်း