ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၄
မြန်မာစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပြီးအကြမ်းဖက်မှု အဆုံးသတ်ရေး တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဖော်ပြချက်အရသိ၇သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူဂျူလီ ဘိရှော့သည် မြန်မာနိုင်ငံ၊နေပြည်တော်သို့ လာရောက်ခဲ့ပြီးစစ်အာဏာရှင်အကြီးအကဲနှင့် တွေ့ဆုံခဲ့ကြောင်း အောက်တိုဘာ(၂၉)ရက်၊ (အင်္ဂါနေ့) က ပြုလုပ်ခဲ့သည့်ကုလသမဂ္ဂ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှသက်ဆိုင်သူအားလုံးတို့ သည် "ဘက်တစ်တစ်ဖက်တည်းက အပြတ်အသတ် အနိုင်ရသည့်'အခင်းအကျင်းကို ကျော်ဖြတ်ကာ စဥ်းစား၇မည်ဟု၄င်းက ဆက်လက်ပြောဆိုသည်။
ယခုနှစ်ဧပြီလအတွင်းက မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခြင်းခံခဲ့ရသည့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူသြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘီရှော့က ပြန်လည်သင့်မြတ်ရေးအတွက်အကြမ်းဖက်မှုများ အဆုံးသတ်ရန် လိုအပ်ကြောင်း၄င်းက ထပ်လောင်း ပြောဆိုသည်။
စစ်တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့်လူပေါင်း (၃.၁) သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့၇ကြောင်း ကုလသမဂ္ဂကပြောဆိုသည်။
"ကျွန်မ နေပြည်တော်ကိုသွားရောက်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ပြန်လာ ခဲ့ပါ တယ်" ဟု ၄င်းက ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ခရီးစဉ်နှင့် ပတ်သက်သည့်အအသေးစိတ်နှင့်မည်သည့်အချိန်က ၄င်းတို့နှစ်ဦးတွေ့ဆုံခဲ့ကြသည်ကိုမူထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
၄င်းသည်ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၊ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG)၊တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သက်ဆိုင်သူအားလုံးနှင့် ဘက်မလိုက်ခြင်းမရှိဘဲ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆရာ၄င်းကဆက်လက်ပြောဆိုသည်။ Source/Reuters