ကြိုင်ဟိန်လင်း၊နိရဉ္စရာ၊ အောက်တိုဘာ ၃၀/ ၂၀၂၄
ရခိုင်ပြည်၊စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲ
နာဇီရွာရဲစခန်းလုံခြုံရေးအတွက်
ငွေကြေးမပေးဆောင်လျှင်နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖြိုဖျက်သွားမည် ဖြစ်ပြီးထွက်ရှိလာသည့်သစ်၊ ဝါးများအပါအဝင်အခြားပရိဘောဂပစ္စည်းများလည်း သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ဟုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
"နေအိမ်တွေကို ကိုယ်တိုင်ဖြိုမှာလား၊ သူတို့ဖြိုရမှာလားဆိုပြီးတော့ ပြောတယ်။ကိုယ်တိုင်ဖြိုမယ်ဆိုရင် အိမ်မှာရှိတဲ့ပရိဘောဂတွေ၊ နေအိမ်ဖြိုဖျက်လို့ရတဲ့ သစ်၊ ဝါးတွေကို ယူသွားလို့ရတယ်ပေါ့။ အဲတွက်ပိုက်ဆံငါးသောင်းပေးရမယ်။ ပိုက်ဆံမပေးရင် သူတို့ကိုယ်တိုင်ဖြိုမယ်ပေါ့။ဒါဆိုရင် ဘာမှလည်း မရဘူး"ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါရဲစခန်းလုံခြုံရေးအတွက်ခြံစည်းရိုးထိုးရန် အနီးအနားမှ နေအိမ်ပေါင်း ၆၀ ကျော်ကိုတန်ဆောင်မုန်းလပြည့်နေ့မတိုင်
အဆိုပါရဲစခန်းအနီးမှ လူနေထိုင်မှုမရှိသည့်နေအိမ်လေးလုံးကိုလည်း ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်မတိုင်ခင်စစ်ကောင်စီက အင်အားသုံး ဖြိုဖျက်ခဲ့သည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်းအဆိုပါရပ်ကွက်မှ လူပေါင်း၂၀ နီးပါးကိုလည်း စစ်ကောင်စီက ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးခန့်ကိုလည်း ဖြိုဖျက်သွားသည်ဟုအထက်ပါအမျိုးသမီးက ဆက်ပြောသည်။
"ပြီးခဲ့တဲ့ရက်ပိုင်းက ရာနဲ့ချီတဲ့ စစ်သားနဲ့ ရဲသားတွေကရပ်ကွက်ထဲကိုဝင်လာတယ်။ စစ်ဘေးရှောင်သွားပြီး လူမနေတဲ့ ရဲစခန်းနောက်က နေအိမ် ၁၀ လုံးလောက်ကဖြိုတယ်။ ပြီးတော့ လူ ၂၀ လောက်ကိုလည်းဖမ်းဆီးသွားတယ်"ဟု ပြောသည်။
ထို့အပြင်နေအိမ်ဖြိုဖျက်စဉ်အတွင်း ကန့်ကွက်သူများနှင့် ဓာတ်ပုံရိုက်သူများကိုလည်းဖမ်းဆီးမည်ဟု ခြိမ်းခြောက်သွားသည်ဟု ပြောသည်။
စစ်ကောင်စီကနေအိမ်များအား ဖြိုဖျက်ပြီးနေရာပြောင်းရွှေ့ပေးကြရန် အမိန့်ပေးထားသော်လည်း နစ်နာသည့် အိမ်ပိုင်ရှင်မိသားစုများအတွက်တစ်စုံတရာ စီမံပေးမှုများလည်း မရှိဟုသိရသည်။
ထို့ကဲ့သို့စီမံပေးမှုများလည်းမရှိ၍ အဆိုပါမိသားစုများမှာ နေထိုင်စားသောက်ရေးအတွက်သောကရောက်နေ၇သည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
"ကျမတို့ဘ၀က ကြက်တွေ၊ ငှက်တွေလို သိုလှောင်ခံထားရတယ်။ သူတို့ကြိုက်တဲ့အချိန် ဖမ်းလို့ရတယ်။ သတ်လို့ရတယ်။ အခုနေအိမ်တွေလည်း ဖြိုဖျက်ခံရမယ်ဆိုတော့နေစရာလည်းမရှိ၊ စားစရာလည်း မရှိဘူး။အခုတောင်မှ လူတွေက ထမင်းငတ်နေကြပြီ" ဟု ပြောသည်။
လက်ရှိတွင်အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နခခ(၅)တစ်ခုသာကျန်ရှိတော့သည့် မောင်တောမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိသည့် အမ်းမြို့နှင့် ဂွမြို့နယ်တို့တွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်
မကြာမီစစ်တွေအပါအဝင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်
ဓာတ်ပုံ- စစ်တွေမြို့၊ ဘုမေရပ်ကွက်ရှိရဲတပ်ရင်း အမှတ် (၃၆) ရှေ့မျက်နှာစာ မြေလွတ်တွင် ဝင်ရောက်ကာ တဲထိုးနေထိုင်သည့် နေအိမ်များအား ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၁ ရက်၌ စစ်ကောင်စီကဖြိုဖျက်ခဲ့စဥ်။