မင်းသျှင်စော၊နိရဉ္စရာ၊ အောက်တိုဘာ ၃၀/ ၂၀၂၄
တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲ၍၁၀ နှစ်အရွယ်မိန်းခလေး ၂ ဦးအပါအဝင် ရွာသား ၅ ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် မောင်းကျေးရွာအား စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးလာကြဲခဲ့သည်ဟုဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူများမှာ မောင်းကျေးရွာမှ မတင်ကျန်၊ ကိုနေလင်းစိုး၊ဆယ်နှစ်အရွယ် မိန်းခလေးနှစ်ဦးနဲ့ နောက်ထပ် တစ်ဦးတို့ဖြစ်ကြသည်။
ဒဏ်ရာရသူများလည်းရှိကြောင်း သိ၇သည်။
မောင်းကျေးရွာသည် တောင်ကုတ်မြို့တောင်ဘက် မိုင်အနည်းငယ်အကွာတွင် တည်ရှိကြောင်း သိ၇သည်။
ပုံစာ- တောင်ကုတ်မြို့နယ်က ဗုံးကြဲခံရသော ကျေးရွာတစ်ခုအားတွေ့၇စဉ်။ ပုံဟောင်းသာ