Preview

ကျောက်ဖြူလေဆိပ်တွင် ဒေသခံတစ်ဦးဖမ်းဆီးခံရပြီးနောက် မိသားစုနှင့်အဆက်အသွယ်မရ၍ စိုးရိမ်နေ

နိုဝင်ဘာ ၁၂/ ၂၀၂၄ | ကြည့်ရှုသူ :863
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၁၂/၂၀၂၄

ရခိုင်ပြည် ကျောက်ဖြူမြို့ လေဆိပ်တွင် အသက် ၃၀ ကျော်အရွယ် ရခိုင်အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး လက်ရှိ ဖမ်းထားသည်မှာ တစ်ပတ်ကျော်လာပြီ ဖြစ်သော်လည်း မိသားစုနှင့် အဆက်အသွယ်မရသဖြင့် စိုးရိမ်စရာနေရသည်ဟု ဆွေမျိုးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့နယ် စနဲမြို့မှ ဦးကျော်ဝင်းနိုင် (၃၅) နှစ် (ဘ) ဦးဝင်းဇော်(ခ) ဦးကျော်ဝင်းဖြစ်ကြောင်း သိရသည်။

“သူက ရန်ကုန်ကို သွားမယ်ဆိုပြီး အိမ်ကထွက်သွားတာပါ။ ဒီလ ၄ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ကျောက်ဖြူလေဆိပ်ကို အဝင်မှာ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်လို့ သိရပါတယ်။ အခုအချိန်ထိ သတင်းအစအနမရတဲ့ အတွက် စိုးရိမ်စရာဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို မသိရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုလည်း မသိရဟု ၎င်းက ပြောသည်။

“သူက သာမာန်လူတစ်ယောက်ပါ။ ဘယ်နိုင်ငံရေး၊ ဘယ်အဖွဲ့အစည်းနဲ့ မှ အဆက်အစပ်မရှိပါ။ ဒါကြောင့်သူ့ကို အပြစ်မရှိဆိုရင် စစ်ဆေးပြီးရင် ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်များကို တင်းတင်းကျပ်ကျပ် ကန့်သတ် ပိတ်ပင်ထားပြီး လေဆိပ်များတွင် မကြာခဏ ရခိုင်အမျိုးသားများကို အကြောင်းအမျိုးမျိုးပြပြီး  ဖမ်းဆီမှုများရှိနေကြောင်း သိရသည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.