Preview

တောင်ကုတ်တွင်တိုက်ပွဲခဏရပ်နေစဉ် မြို့ကိုစွန့်ခွာသူများပြားနေ

သဉ္ဇာနွယ် | နိုဝင်ဘာ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :1537
ရခိုင် သတင်း

(ကျေးရွာနှစ်ရွာဗုံးကြဲခံရ၍ အိမ်ခြေ ရာနှင့်ချီ မီးလောင်ပြာကျ)

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ နိုဝင်ဘာ ၁၉/၂၀၂၄

ရခိုင်ပြည်၊တောင်ကုတ်မြို့တွင်တိုက်ပွဲရပ်နေသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်ကာ အဆိုပါ အချိန်အတွင်း မြို့ကို စွန့်ခွာသွားသူ အရေအတွက်မှာ ပိုမိုများပြားလာသည်ဟု သတင်းရရှိသည်။

မြို့ခံတစ်ဦးက နိရဉ္စရာက"ပြည်သူတွေကနေ့စဉ်နဲ့အမျှနီးစပ်ရာကိုထွက်ပြေးကြတယ်။တချို့ကတော့ ပြည်မဖက်ကို ကားနဲ့ထွက်တယ်။ မနေ့ကဆိုရင် ကား ၁၅ စီးလောက်ပြည်မဖက်ကိုထွက်သွားတယ်။ တောင်ကုတ်က စစ်ကောင်စီဂိတ်တွေကို AAကသိမ်းပိုက်ထားပြီ။မြို့ထဲကနေရာအချို့မှာတော့စစ်တပ်က ဝင်ရောက်နေရယူထားတယ်။  မြို့တွင်းတိုက်ပွဲလည်းဖြစ်လာနိုင်တယ်။လက်ရှိ တိုက်ပွဲရပ်နေတာကဒီနေ့အထိဆိုရင် ၃ ရက်ရှိပြီ ငြိမ်နေတာ"ဟုပြောသည်။

ယမန်နေ့က သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးငယ်များ အများစု ပါဝင်သော တောင်ကုတ်က စစ်ပြေးရှောင်ကားများသည် ရိုးကိုကျော်ပြီး ပန်းတောင်နှင့် ပြည်ဘက်သို့ ထွက်ခွာသွာခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်တွင် တိုက်ပွဲငြိမ်သက်နေသည့် ၃ ရက်ခန့်အတွင်း မြို့တွင်းကပြည်သူများမှာပြည်မဘက်သို့စစ်ရှောင်သွားကြသလို  တောင်မြို့နှင့်နီးစပ်ရာကျေးရွာများသို့စစ်ဘေးရှောင်သူများလည်းရှိနေသည်ဟု သိရသည်။

“ တိုက်ပွဲတွေက မကြာခင် ဆက်ဖြစ်မယ့် အနေအထားရှိတော့ တိုက်ပွဲရပ်နေတဲ့ အချိန်မှာ ထွက်ပြေးကြတယ်။ပြည်မဘက်ကို ရိုးကိုကျော်ပြီး ကားတွေနဲ့ တိမ်းရှောင်သူတွေရှိသလို နီးစပ်ရာ နယ်ကျေးရွာတွေကို တိမ်းရှောင်သူတွေလည်းရှိကြတယ်။ ဘယ်ကိုမှ ထွက်မပြေးဘဲ မြို့တွင်းမှာကျန်ရှိနေသေးတဲ့လူတွေလည်း ရှိနေသေးတယ်။ ထွက်ပြေးသူတွေကတော့ သောင်းနဲ့ချီ ရှိနေပါပြီ” ဟုပြောသည်။

စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုများကိုအဓိက ပြုလုပ်နေပြီး အထူးသဖြင့် တောင်ကုတ်မြို့အနီးရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပြုလုပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၁၄ရက်နေ့ကလည်း စစ်ကောင်စီ၏ Y-12လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဖုံညိုလိပ်ကျေးရွာရှိ အိမ်ခြေ ၄၀ခန့်၊ရန်ခိုကျေးရွာ၏ အိမ်ခြေထက်ဝက်ခန့်နှင့် မြို့တွင်းရှိသိမ်‌တောင်ရပ်ကွက်မှ နေအိမ် ၆ဆောင်ခန့် မီးလောင်ပြာကျခဲ့ရသည်ဟုတောင်ကုတ်မြို့မှစစ်ရှောင်လာသည့် သံဃာတော်တစ်ပါးကနိရဉ္စရာကို မိန့်ကြားသည်။

" ဒီ၁၄ရက်နေ့လောက်ကစစ်ကောင်စီက ဗုံးကြဲခဲ့လို့  ဖုံညိုတစ်ရွာလုံးမီးလောင်ပြာကျသွားခဲ့တယ် ။ ရန်ခိုကျေးရွာမှာ ၅၀ရာခိုင်နူန်းလောက်မီးလောင်ပြာကျတယ်။ လူ ၅ယောက်သေတယ်။ မြို့တွင်းမှာဆိုရင် သိမ်တောင်ရပ်ကွက်က နေအိမ် ၆ဆောင်လောက်မီးလောင်သွားတယ်" ဟုပြောသည်။

တောင်ကုတ်မြို့အတွင်းတွင်စစ်သင်တန်းဆင်းမွတ်ဆလင်စစ်သားများကစည်ပင်လမ်းဆုံတွင် တပ်စွဲနေထိုင်ပြီး၊ စစ်ကောင်စီ၏စနိုက်ပါသမားများမှာ ဘဏ်အဆောက်အအုံများနှင့်အစိုးရ အဆောက်အဦမျာတွင်နေရာယူထားသည်ဟုဒေသခံများကပြောသည်။ 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.