(ဂွမြို့လည်း များမကြာမီ AA လက်ထဲကျရောက်သွားနိုင်ဟုဆို)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၈/ ၂၀၄
ရခိုင်ပြည်တောင်ဘက် အစွန်ဆုံး ဂွမြို့မြောက်ဘက် (၁၀) မိုင်ခန့် အကွာရှိ ညောင်ချောင်းကျေးရွာတွင် ယာယီ အထိုင်စခန်းချထားသည့် စစ်ကောင်စီစစ်တပ်ကို ယနေ့ နံနက် (၁၀) နာရီခန့်က အာရက္ခတပ်တော် (AA)က ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်ဟု သတင်း ရရှိသည်။
“ ဒီကနေ့ မနက် ၁၀ နာရီကျော်မှာ ညောင်ချောင်းမှာရှိတဲ့ စစ်တပ်ကို အေအေက ဝင်တိုက်ပါတယ်။ တိုက်ပွဲအခုအချိန်ထိ ပြင်းထန်နေပါတယ်။ အကြီးအကျယ်ဖြစ်နေကြတာပါ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။
ယခု ညောင်ချောင်းကျေးရွာမှာ ဂွနှင့် ကမ်းသာယာအကြားရှိ ကျေးရွာကြီး တစ်ရွာဖြစ်ပြီး မထင်မှတ်ထားသည့် အချိန်တွင် AA က ဝင်တိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကမ်းသာယာကို ကျော်ပြီး ညောင်ချောင်းကို ဝင်တိုက်တာ။ ဘယ်လိုမှ မထင်ထားတဲ့အချိန်မှာ ဝင်တိုက်တာ။ ညောင်ချောင်းက ဂွနဲ့ သိပ်မဝေးတော့ဘူး။ ချင်းကုန်းလည်းကျပြီ၊ ရွှေတွင်းတူးလည်း ကျသွာပြီ။ ဂွ ၅၆၃တပ်ရင်းကို ရောက်ဖို့ဆိုရင် ဖာလာတောင်၊ အလယ်ချောင်း၊ စည်ပင်နဲ့ ကျောက်ကြီး ပြီးရင် ခမရ ၅၃၆ ဘဲ။ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲက ဂွထိ ရောက်လာနိုင်တယ်”ဟု ၎င်း ပြောသည်။
ဂွမြို့နယ်က စစ်ရေးလေ့လာသုံးသပ်သူ တစ်ယောက်ကလည်း ဂွမြို့လည်း များမကြာမီ AA လက်ထဲ ကျရောက်သွားနိုင်သည်ဟု ပြောဆိုသည်။
“ စကစ စစ်မတိုက်တော့ဘူး။ ဂွလည်းကျမှာဘဲ။ ဟို မောင်ရွှေလေးရေတပ်ကနေ တောင်ဘက်ကို တောက်လျှောက် အေအေက တိုက်တာကို စစ်တပ်က နောက်ဆုတ်ပေးလာတာ အခု ဂွမြို့ထိ ရောက်လာပြီ။ ဘယ်လိုနည်းနဲ့ မှ ခုလို စိတ်ဓာတ်မျိုးနဲ့ အေအေကို ယှဉ်လို့ မရဘူး။ များမကြာမီ အေအေလက်ထဲကျသွားပါလိမ့်မယ်” ဟု ပြောကြားသည်။
ဂွမြို့တွင် အခြားမြို့များကဲ့သို့ တပ်ရင်းအများအပြား အခြေစိုက်သော မြို့မဟုတ်ဘဲ ခမရ (၅၆၂) နှင့် (၅၆၃) တပ်ရင်း ၂ ရင်းသာရှိသဖြင့် AA အနေဖြင့် အလွယ်တကူ ကောက်စားသွားနိုသည်ဟု ၎င်းကပြောသည်။
၎င်းတပ်ရင်း ၂ ရင်းတွင် စစ်အင်အားအများအပြားဖြည့်တင်းထားသော်လည်း အများစုစစ်သားများမှာ ဧရာ၀တီတိုင်းမှ ၄၅ ရက်စစ်သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းများဖြစ်ကြောင်း သိရသည်။ ( သတင်းပေးပို့-CJ)