Preview

အမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၃၀၀ကျော်AA ထံလက်နက်ချ

အေးမြတ်ခိုင် | ဒီဇင်ဘာ ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :4730
ရခိုင် သတင်း

အေးမြတ်ခိုင်- နိရဥ္စရာ၊ဒီဇင်ဘာ၁၀/၂၀၂၄ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ မြို့သိမ်းတိုက်ပွဲနှင့် တပ်ရင်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား၃၀၀ကျော်အာရက္ခတပ်တော် (AA ) ထံလက်နက်ချအညံ့ခဲ့ကြောင်းသတင်းရရှိသည်။ 

AA ၏အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နပခမှအပသိမ်းဆည်းရမိသည့်စခန်းပေါင်းမှာ ၃၀ကျော်ရှိပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်သား၃၀၀ကျော်လက်နက်ချခဲ့သည်ဟု AA စစ်ရေးသတင်းရင်းမြစ်တစ်ခုကအတည်ပြုပြောဆိုသည်။ 

“နပခဌာနချုပ်ထဲမှာမှကွက်ကွက်လေးပဲကျန်တော့တာ။ရှေ့ကတိုက်ပွဲတွေမှာလက်နက်ချတာ  အနည်းဆုံးအယောက်၃၀၀ကျော်လောက်ရှိတယ်”ဟုပြောသည်။ 

စစ်ရေးရှုံးနိမ့်မှုများနေသည့်အတွက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာလည်းလက်ချ/မချနှင့်ပတ်သက်ပြီးစစ်ကောင်စီတပ်အတွင်း သဘောထားကွဲလွဲမှုများလည်းရှိနေကြောင်းအမည်မဖော်လိုသည့်စစ်တပ်မိသားစုဝင်တစ်ဦးကနိရဉ္စရာကိုပြောသည်။ 

“တပ်ထဲမှာလည်းခေါင်းဆောင်ပိုင်းအားနည်းတာကြောင့်ရော၊အထိနာနေတာကြောင့်ရောအဆင်မပြေမှုတွေရှိတယ်။အချင်းချင်းကြားလက်နက်ချမယ်။မချဘူးတွေနဲ့ကွဲလွဲမှုတွေရှိနေကြတယ်လို့သိရတယ်။အခုတော့ကသောင်းကနင်းတွေနဲ့ဖြစ်နေကြတယ်။အဆက်အသွယ်လည်းမနေ့ကတည်းကမရတော့ဘူး” လို့ပြောသည်။  

လက်ရှိမှာနပခဌာနချုပ်အတွင်းကနေရာအများစုကိုအေအေကသိမ်းပိုက်ထားပြီးအပြန်အလှန်ပစ်ခတ်သံများကိုမနေ့ကထိကြားနေခဲ့ရသည်ဟုအမ်းဒေသခံအမျိုးသားတစ်ဦးကပြောသည်။

blob
blob











“ နပခဌာနချုပ်အထဲကတော်တော်များများသိမ်းထားပြီလို့သိရတယ်။စစ်ကောင်စီကတော့နပခအနီးတဝန်းကိုဗုံးကြဲနေတယ်။မနေ့ညကတည်းကပဲ”ဟုပြောသည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ဗျူဟာဌာနချုပ်များ၊ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့၌ တပ်စွဲစခန်းချ၊ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ကိုသိမ်းပိုက်ထားပြီးနောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက်ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟုဒီဇင်ဘာလ၆ရက်တွင်AA ကထုတ်ပြန်ထားသည်။ 

ယင်းအပြင်အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့်တပ်မ (၈၈) လက်အောက်ခံ၊အင်အား(၁၃၀) ခန့် ပါနည်းဗျူဟာတစ်ခုအား  ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီးအလောင်းစုစုပေါင်း(၁၀၀) ကျော်၊လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်ဟုထုတ်ပြန်ထားသည်။ 

ပုံစာ- AA ထံ လက်နချခဲ့ကြသည့် စစ်ကောင်စီတပ်သားများကိုတွေ့ရစဉ် (ပုံဟောင်းသာ)/  ULA/AA

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.