Preview

အာရက္ခတပ်တော်( AA) သည် ခရိုင်မြို့ကြီး၅မြို့ထိ သိမ်းပိုက်နိုင်သည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာ

ခိုင်လူလှ (ရိုးမမြေ) | ဒီဇင်ဘာ ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :1866
ရခိုင် သတင်း

 နိရဉ္စရာ၊ဒီဇင်ဘာ၁၆/ ၂၀၂၄

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အာရက္ခတပ်တော်( AA)သည်မြန်မာနိုင်ငံလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအထဲအတွင်းခရိုင်မြို့ (၅) မြို့ထိတိုက်ခိုက်သိမ်းပိုက်နိုင်သည့်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်လာသည်ဟု သိရှိရသည်။

အာရက္ခတပ်တော်မှသိမ်းပိုက်လိုက်ပြီဖြစ်သည်ခရိုင်မြို့များမှာမောင်တော၊မြောက်ဦး၊သံတွဲ၊တောင်ကုတ်နှင့်ပလက်၀တို့ဖြစ်ကြသည်။

ရခိုင်တွင်စစ်တွေ၊မြောက်ဦး၊မောင်တော၊အမ်း၊ကျောက်ဖြူ၊တောင်ကုတ်နှင့်သံတွဲစသည့် ခရိုင် (၇) ခရိုင်ရှိရာတွင်မြောက်ဦး၊မောင်တော၊သံတွဲ၊တောင်ကုတ်ခရိုင်၄ခုနှင့်ချင်းပြည်နယ်မှပလက်၀ခရိုင်တို့ အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိခရိုင်မြို့တစ်ခုဖြစ်သည်အမ်းကိုလည်းအပြီးသတ်သိမ်းပိုက်ရန်အနောက်ပိုင်းစစ်ဌာနချုပ် (နပခ) ကိုAA က အပြင်းအထန် ထိုးစစ်ဆင်နေရာနပခကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းမြေပြင်တွင်သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။   

အမ်းဒေသခံ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “ အထွေအထူးတော့ ပြောစရာမရှိတော့ပါ။ အမ်း အခြေအနေ အားလုံးအခြေအနေကောင်းပါတယ်။ မကြာမီ မျှော်ဆိုသလိုပေါ့နော်။ အာရက္ခတပ်တော် ပြန်ကြားရေးက ထုတ်ပြန်ချက်ကိုသာ စောင့်မျှော်ပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။   

ရခိုင်မှာအာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်ရန်  နောက်ထပ် ခရိုင်မြို့ကြီး၂ခုဖြစ်သောစစ်တွေနှင့်  ကျောက်ဖြူတို့ကျန်ရှိနေပြီး၎င်းမြို့များအားလည်းအာရက္ခတပ်တော်ကတိုက်ခိုက်လာနိုင်လာသည့်အတွက်စစ်ကောင်စီက အင်အားဖြည့်တင်းပြီးခံစစ်ကိုအကြီးအကျယ်ပြင်ဆင်နေသည်ဟုသတင်းရရှိသည်။

အာရက္ခတပ်တော်သည် မြို့နယ်အားဖြင့် ဆိုလျှင် ပလက်၀၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ စသည့် မြို့နယ် ၁၃ ခုကို သိမ်းပိုက်ထားပြီးဖြစ်သည်။




#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.