သျှင်မင်းဇံ၊ နိရဉ္စရာ၊ဒီဇင်ဘာ၂၈/၂၀၂၄
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ၊ ဘန်ဘွန်တွင်ဒုတိယအကြိမ်အဖြစ်ရခိုင်ရိုးရာကျင်ပွဲအားကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အဆိုပါကျင်ပွဲအားထိုင်းနိုင်ငံရိုးမထိပ်ကမျိုးချစ်သူပရဟိအသင်းနှင့်မလေးရှားနိုင်ငံရက္ခိတဒေါင်းရန်ပရဟိတအသင်းတို့ကပူးပေါင်းဦးဆောင်မှုဖြင့်ဘန်ကောက်မြို့အေကချိုင်ဘန်ဘွန်ဒီအေ ဘောလုံးကွင်း၌ကျင်းပပြုလုပ်သွားဖြစ်ကြောင်းပွဲဖြစ်မြောက်ရေးဦးဆောင်သူကိုသဲပုံကနိရဉ္စရာကိုပြောသည်။
“ရခိုင်ရိုးရာကျင်ပွဲကိုလည်းမပျက်ပျောက်အောင်နဲ့နောက်ပြီးတော့ကျနော်တို့ရဲ့အာရက္ခမြီကိုလည်းကိုယ်တို့တတ်နိုင်တဲ့ဘက်ကကူညီလို့ရအောင်ပြုလုပ်တာဖြစ်ပါတယ်။နောက်တစ်ခုကကျင်ကိုင်ပွဲကိုရိုးရာပျော်ပွဲရွှင်ပွဲတစ်ခုထက်ရိုးရာအားကစားတစ်ခုအနေနဲ့လက်ဆင့်ကမ်း ထိန်းသိမ်း ယူဆောင် သွားချ
ပြိုင်ပွဲအားလာမည့်ဒီဇင်ဘာ၃၀ရက်နှင့်၃၁ရက်နေ့တို့တွင်နံနက်၈နာရီမှစတင်ကျင်းပမည်ဖြစ်ပြီးထိုင်းနိုင်ငံရောက်ရွှေ့ပြောင်း ရခိုင်အလုပ်သမားမျာ
“ကျနော်တို့မနှစ်ကသင်္ကြန်တုန်းကလည်းကျင်ပွဲချခဲ့ပါတယ်။ဒီနှစ်တော့ပွဲကြီးကျင်းပမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံအနယ်နယ်အရပ်ရပ်ကရခိုင်လူမျိုးကျင်သန်တွေဖိတ်ထားပါတယ်။ရနှောင်း၊ဖူးခက်၊ကော့စမွီကျွန်းတို့ကနေနှစ်ထပ်ကားကြီးတွေနဲ့လာကြမှာပါ။တစ်နေရာတည်းမှာရခိုင်လူမျိုးတွေစုသွားအောင်ပေါ့။ပြီးတော့ကျနော်ပြောစရာစကားတွေပြောလို့ရအောင်ပေါ့” ဟုပြောသည်။
ကျင်ပြိုင်ပွဲတွင်ဆုများအဖြစ်အကြီးတန်းပထမဆု (ဘတ်၁၂၀၀၀)၊အကြီးတန်းဒုတိယဆို(ဘတ်၉၀၀၀)၊အငယ်တန်းပထမဆု(ဘတ်၉၀၀၀)၊အငယ်တန်းဒုတိယဆု (ဘတ်၇၀၀၀)နှင့်အကြီးတန်း/ အငယ်တန်းစိန်ခေါ်မောင်းပထမ/ဒုတိယဆုတို့ကိုလည်းချီးမြင့်သွားမည်ဖြစ်သည်။
လက်ရှိတွင်အငယ်တန်းပထမဆု(ဘတ်၉၀၀၀) နှင့်အကြီးတန်း/အငယ်တန်းစိန်ခေါ်မောင်းပထမ/ဒုတိယဆုများအတွက်စေတနာအလှူရှင်များကပါဝင်ကူညီထားပြီးနောက်ထပ်အကြီးတန်းပထမ၊အကြီးတန်းဒုတိယနှင့်အငယ်တန်းဒုတိယဆိုတို့အတွက်အလှူရှင်မရှိသေးသည့်အတွက်အဝေးရောက်ရခိုင်ပြည်သူ/ပြည်သားများနှင့်ကျင်ပြိုင်ပွဲအားစိတ်ဝင်စားများကပါဝင် ကူညီနိုင်ကြောင်းပြောသည်။
ပြီးခဲ့သည့်နှစ်ကျင်ပွဲတွင်အကြီးတန်းကျင်သန်၁၀၀ဦးနှင့်အငယ်တန်းကျင်သန်၁၇၀ဦးတို့အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့
အကြီးတန်းပထမဆု၊အကြီးတန်းဒုတိယဆုနှင့်အငယ်တန်းဒုတိယဆုများအတွက်ကူညီပါဝင်ရန်အောက်ပါဖုန်းနံပါတ်အားဆက်သွယ်နိုင်ပါသည်။
(ဆက်သွယ်ရန် - ၀၉၃၁၇၅၀၀၉၅ (ကိုသဲပုံ (ပွဲဖြစ်မြောက်ရေးဦးဆောင်သူ)